ဒါကြောင့်မို့ Bryan ဟာ အသက် ၅၃ နှစ်အရွယ် ဇနီး Susan နဲ့အတူ အမေရိကကို ပတ်ပါတယ်။ အမေရိကန် ဒေါ်လာ ၃ သောင်းကျော်တန် အိမ်နဲ့ ပန်းခြံကို ဝယ်ပါတယ်။ ယင်းအတွက် ငွေတွေကို ပင်စင် လစာ ခံစားခွင့်ထဲကနေ ယူသုံးတာပါ။ အမေရိကန်လို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အသက်ကြီးသွားတဲ့ နိုင်ငံသားများ အနေနဲ့ အလုပ် မလုပ်နိုင်တော့တဲ့ အခါ အစိုးရ ထောက်ပံ့ ငွေကြေးကို ရရှိပါတယ်။ အမှန်တော့ ယင်းငွေကြေးဆိုတာကလည်း အခွန်အခ ဆောင်ပြီးတော့ ပေးထားရတဲ့ငွေပါ။ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ဥပဒေ မတူပါဘူး။ Byran ကတော့ သူခံစားခွင့် ရရန်ရှိတဲ့ ငွေကို ရောဂါနဲ့ ဆရာဝန် ထောက်ခံချက်ကြောင့် အကုန် ထုတ်ခွင့် ရခဲ့ပါတယ်။

လောလောဆယ် သူခံစားခွင့် ရတဲ့ ငွေတွေကတော့ အကုန်သုံးပြီးသလောက် ဖြစ်နေပါပြီ။ ဒီတော့ ယခု ကိစ္စမှာ သူ့ဘက်ကလည်း မမှားသလို မမှားသော ဆေးသမားလည်း မရှိတာကြောင့် ဆရာဝန်ကိုလည်း အပြတင်လို့ မရပါဘူး။ Byran က ကံကောင်းတယ်ပဲလားတော့ မသိ အမေရိကန် အစိုးရအနေနဲ့ Senior Citizenship ဖြစ်ပြီးသား Byran ကို ဆက်ပြီးတော့ လူအိုစာ ထောက်ပံ့နေပါလိမ့်မယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment