CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 8, 2015
တပ်မတော်သားအရာရှိများကို အရပ်ဘက်ဆေးရုံ အုပ်ချုပ်ရေးနှင့် စီမံရေးနေရာများ သို့ပြောင်းလဲခန့်ထားခြင်း အပေါ် ဝေဖန်သံများနှင့် ကန့်ကွက်စာများ ထွက်ပေါ်
စစ်တက္ကသိုလ်ဆင်း တပ်မတော်သား အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာ နအောက်ရှိ ဆေးရုံများ၏ စီမံရေး နှင့်အုပ်ချုပ်ရေးနေရာများ သို့ပြောင်းလဲ ခန့်ထားခြင်းနှင့်ပတ်သက်၍ ဖေ့ဘုတ်စာမျက်နှာများနှင့် အရပ်ဖက် ဆရာဝန် များကြားတွင် ဝေဖန်သံများ နှင့် ကန့်ကွက်စာများ ထွက်ပေါ်နေကြောင်း သိရသည်။
ဖေ့ဘုတ်စာမျက်နှာများတွင် ဇူလိုင်လ ၂၈ရက် နေ့ စွဲဖြင့်ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် စာမျက်နှာ ၂မျက်နှာပါ အမိန့်ကြော်ငြာ စာရွက်များပျံနှံခဲ့ပြီး အဆိုပါစာနှင့်ပတ်သက်၍ ဝေဖန်သံများ ထွက်ပေါ် လာခြင်း ဖြစ် သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ လွဲပြောင်းပေး လာသော အရာရှိများအား ကုသရေး ဦးစီးဌာန လက်အောက်ရှိ အမည်နှင့် ယှဉ်တွဲပါ ရာထူးဌာနများတွင် ခန့်ထားလိုက်သည် ဟုဖော်ပြပါရှိပြီး စစ်တက္က သိုလ်ဆင်းတပ်မတော်သားအရာရှိ ၂ဦးအား ဒုတိယညွှန်ကြားရေး မှူး (စီမံခန့်ခွဲရေး) ကုသရေးဦးစီး ဌာန နေပြည်တော် နှင့် လက်ထောက် ညွှန်ကြားရေးမှူး(အုပ်ချုပ်ရေး) ရန်ကုန်ပြည်သူ့ဆေး ရုံကြီးတို့ သို့ခန့်ထား ဖော်ပြပါရှိသည်။
ထို့အပြင် တပ်မတော်ဆေးတက္ကသိုလ်ဆင်း သမားတော်အဆင့် စစ်ဆရာဝန်များကိုလည်း အရပ်ဖက် ဆေးရုံများ သို့ပြောင်းရွှေ့ ခန့်ထားကြောင်း အဆိုပါ အမိန့်စာတွင်ပါရှိသည်။
ယင်းအမိန့်စာနှင့်ပတ်သက်၍ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ကြီး ဦးသန်းအောင်သည် ၀န်ကြီးသက်တမ်း တစ်နှစ်ပင် မကျော်သေးသော်လည်း ၄င်းလက်ထက်တွင် စစ်ဘက်မှ အရာရှိများ အရပ်ဖက် ကျန်းမာရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့ခန့်ထား နှုံးပိုမိုမြင့်တက် လာနေကြောင်း၊ ရာထူးတိုးနေရာများနှင့် နေရာ ကောင်းများကို အနစ်နာခံ ထားသူများက မခံစားရပဲ မိုးကျရွှေ ကိုယ်များကသာ နေရာ အဆင်သင့် လာယူနေကြ ကြောင်း၊ ကျန်းမာရေးဝန်ကြီးသည် စစ်တပ်ဘက်တွင် တာဝန် ထမ်းဆောင်ခဲ့ သူဖြစ်ခြင်းကြောင့် စစ်သားများ ကိုခန့်ထားမှု များပြားနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အရပ်ဖက်ဆရာဝန် တစ်ဦး ကပြောသည်။
လက်ရှိကျန်းမာရေးဝန်ကြီး ဦးသန်းအောင်သည် အရပ်ဖက်ဆေးကျောင်း ထွက် ဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်မှုဝါဒ အရ တပ်မတော်ဖက်တွင် ၃နှစ်တာဝန်ထမ်းဆောင်ပေးရာတွင် ၃နှစ်ပြည့်ပြီးသော်လည်း တပ်မတော်ဖက် တွင်ပင် ဆက်လက် တာဝန်ထမ်းခဲ့သူဖြစ်ပြီး ကျန်းမာရေးဒုဝန်ကြီးအဖြစ်မှ ကျန်းမာရေးဝန်ကြီးဖြစ်လာသူဖြစ် သည်ဟုသိရသည်။
သတင်း-မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
တပ်မတော်သားအရာရှိများကို အရပ်ဘက်ဆေးရုံ အုပ်ချုပ်ရေးနှင့် စီမံရေးနေရာများ သို့ပြောင်းလဲခန့်ထားခြင်း အပေါ် ဝေဖန်သံများနှင့် ကန့်ကွက်စာများ ထွက်ပေါ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment