Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မွေးရပ်မြေ ချင်းပြည်နယ်မှာ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်မယ့် သက်မွန်မြင့်


ချင်းပြည်နယ်ရှိ ရေဘေး သင့်ပြည်သူအချို့သည် စားနပ်ရိက္ခာများ ပြတ်လပ်လာသောကြောင့် ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းများကိုယ်တိုင်သွား ရောက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့် က ပြောသည်။
‘‘ချင်းပြည်နယ်မှာဆိုရင် တော့ အဝတ်အစားတွေထက် အစားအသောက်ကိုတောင် ဒုက္ခ ရောက်နေတော့ စားစရာတွေ လည်းပို့ပေးမယ်။ သူတို့တကယ် ကိုလိုအပ်နေပြီဆိုတော့ အခု ကိုဝေဠုနဲ့တိုင်ပင်ပြီး ကိုယ်တိုင် သွားဖို့လည်းစီစဉ်နေတယ်။ ကောက်ခံရရှိထားတဲ့အလှူငွေ ပမာဏကလည်းများလာပြီဆို တော့ ပထမ ဘဏ်ကလွှဲပေးမလို့ ပဲ။ အခုထိရာသီဥတုကမကောင်း သေးတော့ သူတို့က ဘဏ်ကလွှဲ တာကို လက်ခံလို့မရသေးဘူး ပြောတယ်’’ဟု သက်မွန်မြင့်က ပြောသည်။
သက်မွန်မြင့်က ၎င်း၏ဇာတိ ဖလမ်းမြို့တွင် လမ်းပန်းဆက် သွယ်ရေးပြတ်တောက်နေမှု ကြောင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းများနည်း ပါးနေ၍ စားနပ်ရိက္ခာများပြတ် လပ်ကာ ပြည်သူများဒုက္ခရောက် နေသည့်အတွက် ထောက်ပံ့ရေး လုပ်ငန်းများ အမြန်ဆုံးလုပ် ဆောင်ပေးမည်ဟု ပြောသည်။
‘‘ရေဘေးကြောင့် ဒုက္ခ ရောက်နေတဲ့သူတွေမှာ တစ် ဒေသ နဲ့တစ်ဒေသမတူတာကြောင့် မြေ ပြန့်ကပြည်သူတွေဆီကိုတော့ ထောက်ပံ့ရေးတွေတော်တော် များများရောက်ကြတယ်။ ဒီအချိန် မှာ ရေဘေးသင့်ပြည်သူတွေအ တွက် လှူဒါန်းတဲ့အလှူရှင်တွေ ကိုလည်း တကယ်ကိုကျေးဇူးတင် ပါတယ်။ အခုဆိုရင် ဟားခါးမှာရှိ တဲ့လူခြောက်ထောင်လောက်က ဒုက္ခသည်စခန်းရောက်နေတယ်။ ကျန်တဲ့သုံးထောင်ကျော်လောက် က အမျိုးတွေအိမ်လိုက်နေရတာ တွေကို အချက်အလက်တွေ ကောက်ထားတယ်။ ဖလမ်းမြို့ နယ်မှာဆိုရင် ရွာပေါင်း ၈၀ ရှိတာ ကို ၁၅ ခုပဲကောက်လို့ရသေး တယ်။ သက်မွန် အခုဒါတွေကို လည်း ကြိုးစားလုပ်ပေးနေတယ်’’ ဟု ပြောသည်။
လက်ရှိတွင် ကောက်ခံရရှိ ထားသည့် အလှူငွေစုစုပေါင်းမှာ ကျပ်သိန်း ၄၅၀ကျော်ရှိပြီး ၎င်းကိုယ်တိုင်လှူဒါန်းထားသည့် ငွေကြေးမှာ ကျပ်သိန်း  ၂၀ကျော်ရှိ ကြောင်း သိရသည်။
ရေဘေးကြောင့်ဒုက္ခရောက် နေကြရသည့် ပြည်သူများကို လည်း သက်မွန်မြင့်က ‘‘ရေဘေး ဒဏ်ခံနေကြရတဲ့ ပြည်သူတွေ အမြန်ဆုံးဒုက္ခတွေကနေ လွတ် ငြိမ်းပါစေ။ သက်မွန်တို့လည်း အ တတ်နိုင်ဆုံးကြိုးစားလုပ်ဆောင် ပေးနေပါတယ်’’ဟု ဆုတောင်း စကားဆိုခဲ့သည်။
http://7daydaily.com/story/43826

No comments:

Post a Comment