Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ


ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကို ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ် (ဓာတ်ပုံ− Tun Lwin FB)
ဘင်္ဂလားပင်လယ် အော် အလယ်ပိုင်းတွင် မုတ်သုံ လေအားကောင်းနေကာ နှစ်ရက် အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာမည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သြဂုတ် ၉ ရက်၌ သတင်း ထုတ်ပြန်သည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ မုန်တိုင်းတစ်လုံး ဖြစ်လာရန် ရာခိုင်နှုန်းများနေသည်ဟု ပြီးခဲ့သော လေးရက်ခန့်ကပင် သတိပေးထားခဲ့ပြီး အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းဘက်သို့ ၀င်ရောက်သွားဖွယ်ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
လေဖိအားနည်းရပ်ဝန်းဖြစ် လာနိုင်သည့်အခြေအနေကို စောင့်ကြည့်နေပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးရောလေပါအားကောင်းနိုင်သည်ဟု မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
သြဂုတ်လဆန်းက ဘင်္ဂလား ပင်လယ်အော်တွင် တိုက်ခတ်ကာ အိန္ဒိယနိုင်ငံကမ်းရိုးတန်းသို့ ၀င် ရောက်သွားခဲ့သော မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း အနီးမှ ဖြတ် သွားခဲ့သည်။ ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။
http://7daydaily.com/story/43908

No comments:

Post a Comment