Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

လူအများစိတ်ဝင်စားတဲ့ မက္ကဆီကိုက မိုးဇလသတင်း








မိုးလေဝသသတင်းဆိုရင် မုန်တိုင်းဝင်၊ ရေကြီး၊ အပျက်အဆီးတွေ များတော့မှ လူအများက စိတ်ဝင်စားကြတာပါ။ အမေရိကားနဲ့ မက္ကဆီကိုမှာတော့ မိုးဇလသတင်းကို စိတ်ဝင်တစားနဲ့ လက်မလွှတ်တမ်း ကြည့်လာစေတာက အပျက်အဆီးတွေကြောင့် မဟုတ်ဘဲ Yanet Garcia ဂျဲနက်ဂါစီယာဆိုတဲ့ မိုးဇလသတင်း တင်ပြသူကြောင့် ဖြစ်ပါတယ်။ ဂျဲနက်ဂါစီယာရဲ့ စွဲဆောင်မှု အားကောင်းတဲ့ ခန္ဓာကိုယ်၊ ချစ်စရာ မျက်နှာတို့ကြောင့် ကိုကိုကာလသားတွေ မိုးလေဝသသတင်း ပုံမှန်ကြည့်လာကြသတဲ့။ လူမှုကွန်ရက်တွေမှာလည်း ဂျဲနက်ဂါစီယာရဲ့ ပရိသတ် အတော်များလာသတဲ့။ Instagram မှာ ၃ သိန်း၊ Twitter မှာ ၂ သိန်း နေ့ချင်းညချင်းဖြစ်လာသတဲ့။ ဂျဲနက်ဂါစီယာ မိုးဇလသတင်း တင်ပြနေတဲ့ တီဗီက မက္ကဆီကို တီဗီ Televisa Monterrey မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကားကပါ ဂျဲနက်ဂါစီယာရဲ့ မိုးဇလသတင်းကို ကြည့်သူတွေ ရှိလာသတဲ့။ မြန်မာ့အသံ၊ မြဝတီ၊ ဒီဗီဘီတို့လည်း ဒီလို စီစဉ်တင်ဆက်သူတွေ ပေါ်လာနိုင်ပါစေ။

The Irrawaddy (Burmese Version)

ဧရာဝတီ

No comments:

Post a Comment