Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရင်းစက်လှေတိမ်းမှောက်ကွယ်လွန်သွားသော မရီရီထွန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ရေဘေးကျရောက်လျက်ရှိသော ရတနာပုံကျွန်းကျေးရွာရှိ
 ရေဘေးသင့်ပြည်သူများထံ ထမင်းထုပ်များ၊ သောက်သုံးရေဗူးများကို သွားရောက်ကူညီပံ့ပိုးပေးခဲ့သော
မုံရွာမြို့နယ်၊ ကံမကျေးရွာနေ မရီရီထွန်း အသက်(၂၅)နှစ်ဆိုသူသည် သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီ
အချိန်ခန့်က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် စက်လှေတိမ်းမှောက်၍ ကွယ်လွန်သွားခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများကို မိမိ၏ အသက်ဖြင့်လဲလှယ်၍ ကူညီစောင့်ရှောက်ပေးခဲ့သော မရီရီထွန်း၏ အမျိုးသားရေး စိတ်ဓာတ်အား အသိအမှတ်ပြုသောအားဖြင့် သူမ၏ဈာပနအား လိုက်ပါပို့ဆောင်ပေးခြင်း၊ ကျန်ရစ်သူမိသားစုဝင်များအား သွားရောက်၍ အားပေးနှစ်သိမ့်စကားများ ပြောပေးခြင်း၊ ထို့အပြင် အမှတ်တရ
ပစ္စည်းများ၊ ငွေကြေးများကို မိမိတို့တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာတရားဖြင့်
အသိပေးအပ်ပါသည်။
ကိုတိုးကြီး
ခရက်ဒစ် - ကိုတိုး ချင်းတွင်း

No comments:

Post a Comment