Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မြန်မာရေကြီးမှု လူပေါင်း ၁ သန်းအပေါ် သက်ရောက်


 မြန်မာနိုင်ငံတ၀န်း ဇွန်လကစတင်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁ သန်းနီးပါး ရေဘေးဒဏ် ခံခဲ့ကြရတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောဆိုပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးခဲ့ပြီး လယ်ဧက ၁.၂ သန်းခန့် ပျက်စီးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။

တချို့ဒေသတွေမှာ ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေအတွက် သတိပေးနှိုးဆော်ချက် အသစ်တွေ ထပ်မံထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မုတ်သုံရာသီမှာ ရေကြီးရေလျှံဖြစ်လေ့ ရှိပေမယ့် အခု ရေကြီးမှုဟာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်

မြန်မာနိုင်ငံရှိ တိုင်းနယ် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုမှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံးနဲ့ အသေအပျောက် အများဆုံးဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကူညီနေကြပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ Patrick Fuller က ရေကြီးရာ ဒေသအတော်များများမှာ အခြေအနေဆိုးဝါးနေဆဲဖြစ်ပြီး လူတွေဟာ ဘာမှမရှိတော့တဲ့ အိမ်နေရာကို ပြန်လာနေကြတယ်။ သူတို့ရဲ့  အိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာ ရွှံ့တွေဖုံးကုန်ပြီလို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာ့အလင်း သတင်းမှာတော့ ဧရာဝတီမြစ်နဲ့ င၀န်မြစ် တို့ဟာ ရေအနည်းငယ်ကျသွားပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲလို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


No comments:

Post a Comment