Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

မန္တလေးမှ လူငယ်အနုပညာရှင်တစ်ဦး၏ သရီးဒီပန်းချီလက်ရာများ ဖျက်ဆီးခံရ

 မန္တလေးမြို့တွင် လူငယ်အနုပညာရှင်တစ်ဦး ဖန်တီးထားသော သရီးဒီပန်းချီများအားလုံး သင်္ဘောဆေးဖြင့် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းသရီးဒီပန်းချီများကို မန္တ လာသီရိ ဘောလုံးကွင်းတောင် ဘက် လူသွားစင်္ကြံလမ်းပေါ်တွင် လူငယ်အနုပညာရှင်တစ်ဦးက အ များပြည်သူများအတွက် ဖျော်ဖြေ မှုတစ်ခုအနေဖြင့် ရေးဆွဲခဲ့ပြီး သြဂုတ် ၂၇ ရက်ညက ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။
‘‘ဘယ်သူတွေ ဖျက်ဆီးသွား တာလဲဆိုတာ မသိပါဘူး။ ဘာ ကြောင့် ဖျက်ဆီးတာလဲဆိုရင် တော့ မနာလိုမှုကြောင့် ဖျက်ဆီး သွားတာနေမှာပေါ့။ ကျွန်တော်ကတော့ နှစ်ဆတိုးပြီး ဒီထက်ပို ကောင်းအောင်ဆက်ဆွဲသွားမှာ ပါ’’ဟု သရီးဒီပန်းချီဖန်တီးရှင် ကိုလှိုင်းညီက ပြောသည်။ ဖျက်ဆီးခံရပြီးနောက်တစ်နေ့ သောကြာနေ့တွင် ထိုလူသွားလမ်း နေရာများမှာပင် ငါးခုမြောက်ပန်းချီတစ်ခုကို ထပ်မံဖန်တီးခဲ့ပြီး အခြားနိုင်ငံများကဲ့သို့ လမ်းမများ၊ ကုန်တိုက်များတွင်လည်း အများပြည်သူများအတွက် တင်ဆက်မှုတစ်ခုအနေဖြင့် ပန်းချီများဖန်တီးရန် ဆန္ဒရှိကြောင်း ကိုလှိုင်းညီက ပြောသည်။
http://www.7daydaily.com/story/45147

No comments:

Post a Comment