လုံးချင်းအိမ်တွေရဲ့ ဈေးကွက်ဟာ ဈေးနှုန်းပြောင်းရင်း ပြင်ရင်းနဲ့ အရှုံးခံရောင်းရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
"ဈေးနှုန်းပြောင်းကြတာက အိမ်ရှင်က အရောင်းထွက်ချင်လို့ ပြင်တာရှိသလို ပွဲစားကအမြတ်တင်ထား ရာကနေ မတင်ပဲရောင်းတာတွေလဲ ရှိတယ်၊ အဓိက ဈေးခဏခဏ ပြင်တဲ့ဈေးကွက်က သိန်း (၁၀၀၀) အထက်အိမ်နဲ့ မြေတွေများတယ်"လို့ အေးမေတ္တာအကျိုးဆောင်မှ မ၀င်းမာက ပြောပါတယ်။
နေရာတိုင်းမှာပြင်
ဈေးနှုန်းအပြောင်းအလဲနဲ့ ရောင်းချရတဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရင်က ပြင်ပလောကမှာသာမက ၀က်လ်ဆိုဒ်နဲ့ အွန်လိုင်းဈေးကွက်မှာပါ ပိုင်ရှင်ဘက်က ဈေးပြင်ပြီးပြန်ရောင်းတာတွေ ရှိလာပါတယ်။ ဈေးနှုန်းပြန်ပြင်ပြီး ရောင်းချတဲ့ အိမ်တွေရဲ့ဈေးကိုလည်း မူလကခေါ်ဈေးနဲ့ ထပ်ပြောင်းလိုက်တဲ့ ခေါ်ဈေးကိုလည်း မူလက ခေါ်ဈေးနဲ့ ထပ်ပြောင်းလိုက်တဲ့ ခေါ်ဈေးကို တခါတည်းဖော်ပြပြီး ဈေးကွက်ရှာတာတွေလည်းရှိတယ်။ သည်လိုရောင်းချရတဲ့ ဈေးကွက်ဟာ ယခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ များပြားလာခဲ့ပြီး လက်ရှိအချိန်မှာတော့ နေရာတိုင်းမှာ ဈေးကွက်အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီလို့ သိရပါတယ်။
ဝယ်ရောင်းအများစုကသာ ယခုလို မူရင်းဈေးထက် ငွေပေါ်ထွက်ရန် အရှုံးခံရောင်းချကြတာ ဖြစ်ပြီး တချို့အိမ်ခြံမြေတွေကတော့ ၀ယ်လက်စိတ်ဝင်စားမှု အပေါ်မူတည်ပြီး ဈေးကွက်ပြန်တင်တာတွေလည်း ရှိနေပါတယ်။
"၀ယ်ရောင်းဈေးကွက်အေးလို့ ဒီလိုဈေးချရောင်းတာ၊ ဒါက ၀ယ်ရောင်းတွေ မ၀ယ်ပေမဲ့ တကယ်ဝယ်နေတာတွေ အတွက်တော့ ဈေးသက်သက်သာသာနဲ့ ၀ယ်ခွင့်ရတာမို့လို့ အရောင်းအ၀ယ် ပုံမှန်ဖြစ်ပါတယ်"လို့ ကောင်းကောင်း (2) အကျိုးဆောင်က ဦးအောင်မိုးကျော်က ပြောပါတယ်။
ငွေပေါ်လျှော့ဈေးလား
ဈေးနှုန်းပြန်ပြင်ရောင်းချတဲ့ ဈေးကွက်ဟာ အရှုံးခံငွေပေါ်လျှော့ဈေးကွက် ဖြစ်သလို ၀ယ်လက်ကို ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ မူရင်းဈေးထက် အနည်းဆုံး သိန်း (၁၀၀) ကနေ သိန်း (၅၀၀) လောက်အထိ လျှော့ပြီး ရောင်းချပေမယ့် တချို့မြေကွက်တွေရဲ့ ဈေးနှုန်းဟာ အဆင့်ဆင့်ပြောင်းလဲခဲ့တဲ့ ၂၀၁၃ (ပြီးခဲ့တဲ့ နှစ်နှစ်က) ဈေးနှုန်းထက်တော့ ဆယ်ဆလောက်အထိ မြင့်မားနေပါတယ်။
"ဈေးတွေက အရင်ကလောက်မသက်သာဘူး ဆိုတာက လက်ရှိရောင်းတဲ့ မြေရှင်က အရှုံးခံရောင်းပေမယ့် ၀ယ်လက်နဲ့ ၀ယ်ရောင်းအပြောင်းအလဲ လက်လွှဲတွေများနေတော့ အဆင့်ဆင့်တင်ထားတဲ့ အမြတ်တွေကများလို့ မူရင်းဈေးကွက် ပြန်မရနိုင်တာ"လို့ ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
သည်လိုအရှုံးခံရောင်းချတဲ့ မြေကွက်အများစုဟာ စရန်ငွေပေးပြီး တခြားကငွေနဲ့ အကြေချေပြီး ၀ယ်ယူထားတဲ့ မြေကွက်နဲ့ တခြားရင်းနှီး မြှုပ်နှံမှုပြောင်းချင်တဲ့ လူတွေက အဓိကရောင်းချတာဖြစ်ပါတယ်။ အဓိကရောင်းချတဲ့ အမျိုးအစားတွေကတော့ တိုက်ခန်းတွေထက် လုံးချင်းအိမ်ယာတွေနဲ့ မြေကွက်တွေဖြစ်ပြီး ကျပ်သိန်း (၁၀၀၀) နဲ့အထက် ဈေးကွက်ရှိအိမ်တွေ များပါတယ်။ မြို့နယ်အနေနဲ့ကတော့ အစုံရောင်းချပေမယ့် လမ်းမတန်း မြေကွက်တွေထက် အိမ်ငှားသိပ်မလိုက်တဲ့ ရပ်ကွက်အတွင်းကွက်တွေ များတယ်လို့ သိရပါတယ်။
Ref : Pyae Phyo Mon Mon
Posted By : Wai Phyoe Aung
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 12, 2015
ဈေးနှုန်းပြောင်းရင်းပြင်ရင်း အရှုံးခံရောင်းချလာရတဲ့ အိမ်ခြံမြေဈေးကွက်
ဈေးနှုန်းပြောင်းရင်းပြင်ရင်း အရှုံးခံရောင်းချလာရတဲ့ အိမ်ခြံမြေဈေးကွက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment