Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မွေးရာပါရောဂါကြောင့် လူကြားထဲ မတိုးဝံ့သူကလေးငယ်

မွေးရာပါရောဂါကြောင့် လူကြားထဲ မတိုးဝံ့သူကလေးငယ်


အိန္ဒိယနိုင်ငံက ကျေးရွာလေးတစ်ရွာမှာနေထိုင်သူ ကလေးငယ်တစ်ဦးဟာ မွေးရာပါကြီးမားလှတဲ့ လက်တွေကြောင့် လူတွေကြားထဲမသွားနိုင်အောင် ဖြစ်နေရပါတယ်။ ကြီးမားတဲ့လက်တွေ သူ့မှာရှိနေတာကြောင့် အားလုံးကသူ့ကို နတ်ဆိုးတစ်ကောင်လို့ အမည်တပ်ထားကြပါတယ်။


ခေတ်ပညာနည်းပါးမှုရှိတဲ့ကျေးရွာတွေရဲ့ ထုံးစံအတိုင်း ရိုးရာအစောင့်အရှောက်နဲ့နတ်တွေကို ယုံကြည်မှု ပြင်းထန်ကြပြီး ကာလင်းလို့ခေါ်တဲ့ အဆိုပါကလေးငယ်ကို အားလုံးကနတ်ဆိုးလို့ ခေါ်ပြီးအပေါင်းအသင်း မလုပ်ကြပါဘူး။ အသက် ၈ နှစ်ရှိပြီဖြစ်တဲ့ကာလင်းဟာ ကျောင်းတက်ဖို့ ကြိုးစားခဲ့သေးပေမယ့် ကျောင်းက ကလေးငယ်တွေက ကာလင်းကိုကြောက်ရွံ့ကြတာကြောင့် အဆင်မပြေခဲ့ပါဘူး။ အားလုံးက သူ့ကို ကြောက်ပြီး ဝိုင်းဖယ်ထားတဲ့အတွက် သူကျောင်းထွက်ပေးလိုက်ရပါတယ်။ ခေတ်ပညာတက် နည်းပါးတဲ့ ကျေးရွာကလေးမှာ ကာလင်းရဲ့ဦးလေးအရင်းကိုယ်တိုင်က နတ်ပြုစားတာလို့ ယုံကြည်နေပါတယ်။ ကာလင်းအမေဟာ ကိုယ်ဝန်ဆောင်ထားတုန်းက သန့်စင်ခန်းသွားရင်း ကိုယ်ဝန်ကိုနတ်ပြုစားတာ ခံလိုက်တာဖြစ်တယ်လို့ သူ့ဦးလေးက ယုံယုံကြည်ကြည်နဲ့ သတင်းထောက်တွေကို ပြောပါတယ်။ 


တကယ်တော့ကာလင်းဟာ ဆေးပညာရပ်မှာ ကြုံတောင့်ကြုံခဲ ရောဂါတစ်မျိုးကို ခံစားရတာဖြစ်ပါတယ်။ သူ့လက်တွေပုံမှန်ပြန်ဖြစ်သွားအောင် ခွဲစိပ်ကုသဖို့ ဆန္ဒရှိကြပေမယ့် ခွဲစိပ်မှုဟာ အန္တရာယ်များလွန်းတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

source - mirror
http://www.planet.com.mm/detail/28403/World

No comments:

Post a Comment