Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

ဝါရှင်တန်ပြည်နယ် တောမီး လောင်ကျွမ်းမှု သမိုင်းတစ်လျှောက် အကြီးဆုံး ဖြစ်လာ


ဝါရှင်တန် ၊ ၂၆-၈-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ဝါရှင်တန်ပြည်နယ် ၌ လောင်ကျွမ်းလျက် ရှိသော တောမီးသည် ၄င်းပြည်နယ် သမိုင်း တစ်လျှောက်တွင် လောင်ကျွမ်းခဲ့သော တောမီးများ အနက် အကြီးမားဆုံး ဖြစ်လာကြောင်း ပြည်နယ် အာဏာပိုင်များက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

ဝါရှင်တန် ပြည်နယ် မြောက် အလယ်ပိုင်းရှိ အိုကာနိုဂန် ခရိုင်တွင် လောင်ကျွမ်း နေသည့် အဆိုပါ တောမီးသည် သြဂုတ် ၂၄ ရက်တွင် မြေဧက ၂၅ဝဝဝဝ ကျော်အထိ မီးလောင်ကျွမ်း ခဲ့ပြီး လွန်ခဲ့သော ၂ဝ၁၄ ခုနှစ်က စံချိန်ချိုး ခဲ့သော Carlton မီးထက်ပို၍ ဆိုးရွားလာကြောင်း အမေရိကန် သစ်တောဆိုင်ရာ မီးသတ်ဌာနမှ ပြောရေးဆိုခွင့် ရှိသူ မိုက်ဖိရစ်ခ် က ပြောကြားသည်။

လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက အဆိုပါ တောမီးကို ငြှိမ်းသတ်နေစဉ် မီးသတ်သမား သုံးဦး သေဆုံးခဲ့ပြီး ယခုလက်ရှိတွင် ၄င်းတောမီးကို ငြှိမ်းသတ်နိုင်ရန် လူ ၁၂၅ဝ ဦး ပါဝင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း၌ လောင်ကျွမ်း နေသောတောမီး ၁၆ ခုသည် မြေဧက ၆ဝဝဝဝဝ ကျော်အထိ လောင်ကျွမ်း လာခဲ့ပြီး နေအိမ်အလုံး ၂ဝဝ ခန့်မှာ မီးလောင်ပျက်စီး ခဲ့ကြောင်း၊ ထို့အပြင် ဒေသခံ ၁၂ဝဝဝ ဦးမှာလည်း စိုးရိမ်ပူပန် နေရကြောင်း ဝါရှင်တန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးအင်စလီ က ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment