CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 17, 2015
ကြံ့ခိုင်ရေး ခေါင်းဆောင် အပြောင်းအလဲ ဦးသန်းရွှေကြောင့် မဟုတ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆာင်ပိုင်း အပြောင်းအလဲ ကိစ္စများကို နိုင်ငံတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်မူးကြီး သန်းရွှေ၏ ထိန်းချုပ်မှု ပါမည် မဟုတ်ကြောင်း ယင်းပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Messenger Media သို့ပြောသည်။
''သူသာ ၀င်ပါနေတယ်ဆိုရင် မင်းက ခထ မင်းကထိုင် မင်းက ဟိုနားသွားထိုင် ဒီလိုမျိုး အစဉ်တိုင်း ဖြစ်နေမှာပေါ့။ သူဝင်မပါလို့ သူတစ်လူ ငါတစ်မင်း ဖြစ်ကုန်တာပါ။ ရိုးရိုးလေးပါပဲ။ ဦးသန်းရွှေသာ ကိုင်ထားရင် ဒီလိုမျိုး မဖြစ်ပါဘူး'' ဟု ၎င်းကဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အစိုးရအဖွဲ့တို့တွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အစိုးရသစ် လက်ထက် ၂၀၁၀ ခုနှစ်မှစ၍ မည့်သည့်ကိစ္စမှ လာရောက် ပြောဆိုခြင်း မပြုရန် ဦးသန်းရွှေက မှာကြားထားကြောင်း သိရသည်။
လက်ရှိ နိုင်ငံတာဝန် ထမ်းဆောင်သူများ အပေါ်တွင် နိုင်ငံတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်မူးကြီး သန်းရွှေ အနေဖြင့် မိဘအရာ ဖြစ်နေပြီး လူကြီးတစ်ယောက် အနေဖြင့် နေထိုင်ကာ အကြောင်းအရာ အသေးစိတ် ပါဝင် ပတ်သတ်မည် မဟုတ်ကြောင်း ယူဆမိသည်ဟု ယခင်က နိုင်ငံတော် သမ္မတအကြံပေး တစ်ဦးဖြစ်ပြီး လက်ရှိ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ နေဇင်လတ်က သုံးသပ်သည်။
''သူကိုယ်တိုင် ပါဝင်မှု မရှိရင်တောင်မှ အသိပေးခြင်းမျိုးတော့ ဖြစ်ချင် ဖြစ်လာနိုင်တာပေါ့။ ဒါက ကျွန်တော့ ယူဆချက်ပါ။ ကျွန်တော်ကလည်း သူတို့ပါတီက မဟုတ်တော့ တစ်ခြားပါတီ အကြောင်း မသိတာလည်း ပါပါတယ်။ အတိအကျတော့ မသိပါဘူး'' ဟု ၎င်းကဆိုသည်။
မကြာမီ အချိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီတွင် ပါတီ အကြီးအကဲ ဖြစ်သူ သူရဦးရွှေမန်းနှင့် နီးစပ်သည့် ဗဟိုကော်မတီဝင်များ ဖြစ်သည့် သူရဦးအောင်ကို၊ ဦးအောင်သိန်းလင်း၊ ဦးဇော်မင်း၊ ဦးခင်မောင်၊ ဦးဇော်မြင့်ဖေ၊ ဦးသိန်းထွန်း၊ ဦးတီခွန်မြတ်၊ အထွေထွေ အတွင်းရေးမူး ဦး မောင်မောင်သိမ်း စသည့် ပုဂ္ဂိုလ်များ အပါအ၀င်(၁၂) ဦးအား ထုတ်နုတ်ကာ အစားထိုးမှုများ ပြုခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ၌ ထည့်သွင်းခြင်း မပြုဘဲ ပါတီဝင် တစ်ယောက် အဖြစ်သာ ထားရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲဟောင်း ဦးသန်းရွှေ၏ ပါဝင်ပတ်သက်မှုများ ရှိနိုင်ကြောင်း နိုင်ငံရေး လောကမှ သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စများသည် နိုင်ငံတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေ၏ အမိန့် ဖြစ်နိုင်ကြောင်း ယင်းပါတီ၏ ဗဟို အလုပ်အမှုဆောင်ဟောင်း ဖြစ်သူ သူရဦးအောင်ကိုက နိုင်ငံခြား ရုပ်သံမီဒီယာ တစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။
messenger news journal
ကြံ့ခိုင်ရေး ခေါင်းဆောင် အပြောင်းအလဲ ဦးသန်းရွှေကြောင့် မဟုတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment