Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

အိမ်ခြေမဲ့ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သော ရော်နယ်ဒို



ရီးရဲလ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုသည် အိမ်ခြေမဲ့ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရော်နယ်ဒိုသည် ယခုနှစ် အစောပိုင်းတွင် ရီးရဲလ်အသင်း ပရိသတ်များ၏ လှောင်ပြောင်မူများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထောက်ခံမှု ပြန်လည်ရရှိစေရန် မက်ဒရစ်မြို့အတွင်း အိမ်ခြေမဲ့ တစ်ဦးကဲ့သို့ ဟန်ဆောင် ပြခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်ဒိုသည် အိမ်ခြေမဲ့တစ်ဦး ပုံစံဖြစ်အောင် မိတ်ကပ်ဖြင့် ဖန်တီးခဲ့သည်။ နုတ်ခမ်းမွေးများ တပ်ဆင်ခြင်း၊ ခပ်၀၀ပုံစံ ဖြစ်အောင် ထူထဲသော အရာများ ဖန်တီးခြင်းတို့ကို ပြုလုပ်ကာ မက်ဒရစ်မြို့အတွင်း ဘောလုံး တစ်လုံးဖြင့် ထွက်ခွာသွားခဲ့သည်။
ယင်းနောက် ရော်နယ်ဒိုသည် အိမ်ခြေမဲ့ တစ်ဦးပုံစံဖြင့် လျှောက်သွားကာ အမျိုးသမီးတစ်ဦးကို ဖုန်းနံပါတ် တောင်းခဲ့ရာ ငြင်းဆိုခံရသည်။ ထို့နောက် ကလေးငယ် တစ်ဦးရှေ့တွင် ဘောလုံးစွမ်းရည် ပြသခဲ့ပြီး ရုပ်ဖျက်ထားမှုကို ရှင်းလင်းပြီးနောက် မူလပုံစံကို ပြသခဲ့ရာ အားလုံး အံ့အားသင့်ခဲ့ကြသည်။ ရော်နယ်ဒိုသည် ကလေးငယ်ကို ဘောလုံး လက်ဆောင် ပေးခဲ့ပြီးနောက် လူများ စုဝေးလာကြသည်။ ရော်နယ်ဒိုသည် မက်ဒရစ်မြို့သားများ ပျော်ရွှင်မှုရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့မျိုး ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် ဒဏ်ရာပြဿနာများ ရှိနေသောကြောင့် ရီးရဲလ်အသင်း၏ ရာသီကြို ခြေစမ်းပွဲစဉ်များတွင် ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။
Messenger News Journal

No comments:

Post a Comment