Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

တရုတ်မင်းသမီး လူယီဖေးနဲ့ချစ်နေတဲ့ ဆောင်းဆောင်ဟွန်း


 တောင်ကိုရီးယားသရုပ် ဆောင်မင်းသားဆောင်းဆောင် ဟွန်းသည် တရုတ်သရုပ်ဆောင် မင်းသမီး လူယီဖေးနှင့် ချစ်ကြိုက် နေသည်ဟု ဆောင်းဆောင်ဟွန်း ၏အေဂျင်စီ Better Entertain- ment က သြဂုတ် ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆောင်းဆောင်ဟွန်းနှင့် လူယီဖေးတို့ကို နေရာအနှံ့တွင်အတူတကွတွေ့ရှိခဲ့ကြောင်းနှင့် ရှန်ဟိုင်းမြို့ရှိ လူယီဖေး၏အပန်း ဖြေစံအိမ်၌လည်း တွေ့ရှိခဲ့ ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့ပြီးနောက် Better Entertainment က ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေကြောင်း အတည်ပြု ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကိုရီးယား-တရုတ်ရုပ်ရှင်ဇာတ် ကား The Third Way Of Love၌ ပူးတွဲသရုပ်ဆောင်ခဲ့ပြီးနောက် မကြာခဏ မတွေ့ဖြစ်သော်လည်း ၎င်းတို့ခံစားချက်များကို အတည်ပြုပေးခဲ့ပြီး ချိန်းတွေ့ ဖြစ်သည်ဟု အေဂျင်စီကပြော ကြားခဲ့သည်။
ဆောင်းဆောင်ဟွန်းသည် လူယီဖေး၏ မိဘများနှင့်တွေ့ဆုံ ခဲ့သည်ဟူသော တရုတ်မီဒီယာ များ၏ ဖော်ပြချက်များကိုမူ အေဂျင်စီက ငြင်းဆိုသည်။ ၎င်းတို့ နှစ်ဦး ချစ်ကြိုက်မှုသည် မကြာ သေးကြောင်း အေဂျင်စီကပြောခဲ့ သည်။
အသက် (၃၈)နှစ်အရွယ် ဆောင်းဆောင်ဟွန်းနှင့် အသက် (၂၇)နှစ်အရွယ် လူယီဖေးတို့ သည် The Third Way Of Love ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူများ အဖြစ် သရုပ်ဆောင်ခဲ့ကြသည်။ ယင်းဇာတ်ကားကို လာမည့်လ ၁ ရက်တွင် ရုံတင်ပြသမည်ဖြစ် သည်။
—Ref: KDrama Stars
http://7daydaily.com/story/43586

No comments:

Post a Comment