Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ထိုင်ဝမ်မင်းသားနဲ့ ချစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်လိုက်တဲ့ ဟာဂျီဝမ်

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဟာဂျီဝမ်သည် ၎င်းနှင့် ထိုင်ဝမ်သရုပ်ဆောင်မင်း သား ချန်ဘိုလင်းတို့ ချစ်ကြိုက် နေသည်ဟူသော သတင်းများကို ဩဂုတ် ၁၀ ရက်တွင် ငြင်းပယ် လိုက်သည်။
‘‘ဟာဂျီဝမ်နဲ့ ချန်ဘိုလင်းတို့ ချစ်ကြိုက်နေတာမဟုတ်ပါဘူး’’ ဟု ဟာဂျီဝမ်၏ စီမံခန့်ခွဲရေး အေ ဂျင်စီ Haewadal Entertainment က ပြောသည်။
ဟာဂျီဝမ်နှင့် ချန်ဘိုလင်းတို့ သည် လူမှုမီဒီယာများတွင် ဆင်တူသောဓာတ်ပုံများ တင်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးချစ်ကြိုက်နေသည်ဟူ သည့် ကောလာဟလသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးကို ကိုရီးယား နှင့် တရုတ်နိုင်ငံတို့၌ တူညီသောအေဂျင်စီများက စီမံခန့်ခွဲပေးနေ ကြောင်း ပရိသတ်များက သိရှိခဲ့ ပြီးနောက် ကောလာဟလသတင်းများအပေါ် လူအများပိုမိုအာရုံ စိုက်လာခြင်းဖြစ်သည်။
ဟာဂျီဝမ်သည် လက်ရှိတွင် SBS ရုပ်သံလိုင်း၏ The Time We Were Not in Love ဇာတ် လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်နေ သည်။ ဟာဂျီဝမ်သည် ကိုရီးယား နှင့် တရုတ်ပူးပေါင်းထုတ်လုပ် မည့် Risking Life for Love ရုပ်ရှင်ဇာတ်ကား၌ ချန်ဘိုလင်း နှင့်အတူ ပူးတွဲသရုပ်ဆောင်မည် ဖြစ်သည်။
—Ref: Soompi
http://7daydaily.com/story/43896

No comments:

Post a Comment