Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

ဦးနှောက်မှတ်ဥာဏ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ နီကိုတင်းနဲ့ ဆေးခြောက်



လူတစ်ဦးရဲ့ သင်ယူမှုနဲ့ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း “Hippocampus” သေးငယ်လေ မှတ်ဥာဏ်စွမ်းရည် နည်းပါးလေဖြစ်တယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။

သုတေသနပြုသူတွေကို အံအားသင့်စေတဲ့ ပြောင်းပြန်ဆက်နွယ်ချက်ကတော့ နီကိုတင်းနဲ့ ဆေးခြောက်တို့ တွဲဖက်သုံးစွဲမှုဟာ ဦးနှောက်ပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။

 “ ဆေးခြောက် သုံးစွဲသူ တစ်ဦးချင်းရဲ့ ခန့်မှန်းချေ ၇၀ရာခိုင်နှုန်း ခန့်ဟာ ဆေးရွက်ကြီးကိုလည်း သုံးစွဲတာတွေ့ရပါတယ်။ ဆေးခြောက်သုံးစွဲသူ လူဦးရေများပြားတာကြောင့် ဦးနှောက်အပေါ် ဆေးခြောက်သုံးစွဲမှုရဲ့ အကျိုးသက်ရောက်မှုက ဘာကြောင့်ရှိနေတာလည်းဆိုတာ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့လာမှုတော်တော်များများမှာ ဆေးရွက်ကြီးသုံးတာကို ထည့်သွင်းစဉ်းစားတာမျိုး မရှိလို့ပါ။ “ ဟု BrainHealth စင်တာမှ Cognitive Neuroscience of Addictive Behaviors ညွှန်ကြားရေးမှူး ဒေါက်တာ Francesca Filbey က ထုတ်ဖော်ပြောကြားထားပါတယ်။

လေ့လာသူတွေဟာ Hippocampus အရွယ်အစားသေးပြီး မှတ်ဥာဏ်အားနည်းနိုင်တဲ့ စမ်းသပ်ခံသူတွေမှာ ဆေးခြောက်နဲ့ဆေးရွက်ကြီး နှစ်မျိုးစလုံးသုံးစွဲသူတွေက Hippocampus သေးငယ်သော်လည်း မှတ်ဥာဏ်ပိုကောင်းတယ်ဆိုတဲ့ အချက်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါသတဲ့။

 ဒီအချက်ဟာ လူတစ်ယောက် တစ်နေ့စီးကရက် ဘယ်လောက်သောက်လဲဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဆေးခြောက် သို့ ဆေးရွက်ကြီး တစ်မျိုးတည်းသာ သုံးစွဲတဲ့အုပ်စုမှာတော့ Hippocampus အရွယ်အစား၊ မှတ်ဥာဏ်တို့နဲ့ ဆက်နွယ်ချက် တစ်ခုမှ မရှိခဲ့ပါဘူးတဲ့။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

No comments:

Post a Comment