Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

စမ်းရေ ပရဟိတအသင်းကနေ ရေဘေးသင့်ပြည်သူတွေရှိတဲ့ မကွေး၊ ညောင်တုန်းမြို့တွေကို သွားလှူပြီးပြီဖြစ်ပြီး ၁၅ရက်နေ့မှာ ဟင်္သာတကိုထပ်မံသွားလှူဖို့ရှိကြောင်း ဒီဇိုင်နာ ဌေးဌေးတင်ပြော




Shi Mi Zu စမ်းရေ ပရဟိတအသင်းကနေ ရေဘေးနဲ့ပတ်သက်ပြီး သွားလှူဖြစ်တဲ့ အပိုင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ ဌေးဌေးတင်ကို မေးမြန်းဖြစ်ခဲ့ရာ "အခု သဘာဝအန္တရယ်ကြောင့် ရေတွေကြီးနေတယ်။ ဒုက္ခရောက်နေတာကို အစ်မတို့တွေက ကိုယ်ချင်းစာပြီး ကိုယ်တတ်နိုင်သလောက်ပေါ့။ အများကြီးလဲ မတတ်နိုင်ပါဘူး။ အဓိကကတော့ စေတနာ၊ မေတ္တာကို အဓိကထားပြီး လှူချင်တဲ့စိတ်တစ်ခုကြောင့် သွားလှူဖို့ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီမှာ အစ်မ မတည်တာက ၃၅ သိန်းနဲ့ စပြီး မတည်လိုက်ပါတယါ။ ရင်းနှီးတဲ့မိတ်ဆွေတွေဆီ လိုက်ကောက်ဖြစ်တယ်။ အားလုံးကလဲ တတ်နိုင်သလောက် ငွေကြေးတွေ လှူဒါန်းပေးကြတယ်။ အလှူငွေလဲ များလာတယ်။ တစ်ဆင့် လာလှူခိုင်းတဲ့လူတွေကလဲ ပစ္စည်းတွေ ထည့်ပေးကြတယ်။ သွားလှူတာက မကွေးတိုင်း ကျောင်းကုန်းကျေးရွာပေါ့။ အစ်မတို့တစ်ညအိပ်ပြီး သွားလှူဖြစ်တယ်။ လှူဖြစ်တာက ဘီစကွပ်မုန့်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါး၊ အ၀တ်အထည်၊ ငါးသေတ္တာ၊ အပြင် ချည်ထည်အကျီင်္တွေ၁၃ သိန်းဖိုးဆိုင်ကနေ ယူသွားသေးတယ်။
နောက်အမရဲ့ သင်တန်းသူတွေရဲ့အသိတွေကလဲ နေပြည်တော်ကနေ အ၀တ်ထုတ် အထုပ် ၃၀ စောင့်ပြီး လှူတယ်။ ဘုတ်ဆုံမက ငါးပိထောင်း ၁၅သိန်းဖိုး ထည့်ပေးလိုက်တယ်။ နောက်မကွေးမြို့ကနေ စိန်ရတုတရုတ်ဆိုင်က ခေါက်ဆွဲကျော်နဲ့ရေသန့်ဘူးတွေ လှူတယ်။ နောက်အမတို့သွားလှူတဲ့နေ့က နေ့ခင်းစာအတွက်ထမင်းဗူး ၅၀၀ ချက်ခိုင်းထားသေးတယ်။ အဲ့ဒါလဲအဲ့ဒီနေ့ကလှူလိုက်တယ်။ နောက်ပြီးတော့ ၆ရက်နေ့က ညောင်တုန်းမှာသွားလှူတယ်။ မြ၀တီဖက်ကပစ္စည်းတွေကားနဲ့စားစရာတွေ၊ အ၀တ်အစားတွေအများကြီး ထည့်ပေးလိုက်တယ်။ နောက်ထပ် အလှူခံလို့ရတဲ့အထဲက ၉သိန်းဖိုးထပ်ဝယ်ပြီးလှူခဲ့တယ်။ အခုလာမဲ့ ၁၅ ရက်နေ့မှာ ဟင်္သာတကို သွားလှူမယ်။ မြ၀တီကနေ ပစ္စည်းတွေကားနဲ့တစ်စည်းခွဲဖိုး ထပ်ပို့ထားတာရှိတယ်။ အဲ့ဒါတွေအပြင် လိုအပ်တာတွေထပ်ဝယ်ပြီး လှူဖို့ရှိပါတယ်"လို့ သူမက ပြောပြခဲ့ပါတယ်။
http://www.trend.com.mm/2015/08/13/yollywood-7414

No comments:

Post a Comment