Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

ရခိုင်ရေဘေး သေဆုံးသူ ၃၁ ဦးရှိလာ၊ မင်ပြားနယ်မှ မိသားစု ၁၀ ဦးရဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်



(မင်းပြားမြို့ ရေနစ်နေတဲ့ မြင်ကွင်းပါ။ ဓာတ်ပုံ- နိရဉ္စရာ)

ရန်ကုန်၊ သြဂုတ် ၂

ရခိုင်ရေဘေးကြောင့် သေဆုံးအခုအခါ သေဆုံးသူ ၃၁ ဦးရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မင်းပြားမြို့နယ် မြစ်နားရွာက မိသားစု ၁၀ ဦးရဲ့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကတော့ အလွန်ကြေကွဲ ၀မ်းနည်းစရာ ဖြစ်ပါတယ်။

မင်းပြားမြို့နယ် အ၀ကျေးရွာ အုပ်စု မြစ်နားရွာက မိသားစု တစ်စုဟာ ဇူလိုင်လ ၃၀ ရက်နေ့က ရွာကို ရေတက်လာပြီး အိမ်တွေကို နစ်မြုပ်တဲ့ အတွက် စိုးရိမ် ထိန်လန့်ပြီး စက်လှေ တစ်စီးနဲ့ ဘေးလွှတ်ရာကို ထွက်ပြေးရာမှာ စက်လှေဟာ မုန်တိုင်းနဲ့ အတူ ရေထဲမှာ မျောပါသွားပြီး နစ်မြုပ်သွားတဲ့ အတွက် မိသားစု ၁၀ ဦးသေဆုံးခဲ့ရပါတယ်။

“ အလောင်း ခုနှစ်လောင်းကို ရှာဖွေ ရရှိပြီး အခု သဂြိင်္ုလ်ပြီးပါပြီ။ ကျန်တဲ့ ကလေးနှစ်ဦးနဲ့ ဦးသာကျော်ရဲ့ အလောင်းကို ရှာမတွေ့သေးတဲ့ အတွက် အခု အလောင်းလိုက်ရှာနေပါတယ်။ တစ်ရွာလုံးက အပူမီးဝိုင်းပြီး အခုထိ ကျန်တဲ့ အလောင်း သုံးလောင်းကို လိုက်ရှာနေပါတယ်” လို့ မြစ်နားရွာသား တစ်ဦးက နိရဉ္စရာကို ဖုန်းဆက် ပြောကြားလာပါတယ်။

သေဆုံးသူတွေဟာ အိမ်တွေကို ရေမြုပ်လာရာမှာ အမ်း- စစ်တွေ ကားလမ်းကို စက်လှေနဲ့ အသွားမှာ မုန်တိုင်း မိပြီး သေဆုံးတာ ဖြစ်တယ်လို့ ဆွေမျိုးတစ်ဦးကလည်း ပြောပြပါတယ်။

သေဆုံးတဲ့ အထဲမှာ အမျိုးသားက သုံးယောက်၊ အမျိုးသမီး ခုနှစ်ယောက်ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေး လေးယောက်ပါဝင်ပါတယ်။

သေဆုံးသူတွေကတော့ ဒေါ်ဦးမျှသန်း (၃၇) နှစ်၊ ဦးသာဇံ (၄၂) နှစ်၊ ဒေါ်တင်တင်အေး (၂၇) နှစ်၊ ဒေါ်ဝေသူမေ (၄၁) နှစ်၊ မ၀င်းဝင်းချေ၊ မမချေ၊ မစန်းစန်းဦး၊ မောင်လပြည့်ချေ (၃) နှစ်၊ ဦးသာကျော် (၆၀)နဲ့ နောက် ကလေး တစ်ဦး ဖြစ်ကြပါတယ်။

မင်းပြားမြို့နယ်က ၁၀ ဦး အပါအ၀င် လက်ရှိ စာရင်းအရ အခု သေဆုံးသူအရေအတွက်ဟာ ၃၁ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ မြောက်ဦးမြို့နယ် ပုဇွန်ဖယ်က စက်လှေနစ်ပြီး ၄ ဦး၊ ပုဏ္ဍားကျွန်းနဲ့ ကျောက်တော်မြို့နယ် တစ်ဦးစီ ဖြစ်ပြီး မောင်းတော ၃ ဦးနဲ့ ဘူးသီးတောင်က ၁၂ ဦး ဖြစ်ပါတယ်။

ဘူးသီးတောင်က ၁၂ ဦး သေဆုံးတာကိုတော့ မြို့နယ် ဒုဦးစီးမှူး ဦးစောသာလှက ဒီကနေ့မှာ နိရဉ္စရာသတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း ၇ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဦးလှမြင့်က ပြောပေမယ့် ရသေ့တောင်မြို့မရဲစခန်းကို မေးတော့ သူတို့ဆီကို သတင်း မရောက်သေးဘူးလို့ ပြောပါတယ်။

ဘယ်ရွာကမှန်းမသိတဲ့သားဖ လေးဦးကတော့ ပြိန်းတောရွာအနားမှာ
လှေမှောက်ပြီး သေဆုံးခဲ့သလို ကျန်တဲ့ သုံးဦးကတော့ ပုဇွန်ပြေ (အသံမသဲကွဲ၍ နာမည်မှား နိုင်ပါသည်)၊ ပြာပင်ရင်းနဲ့ ပဇင်းမော်ရွာက ဖြစ်ကြတယ်လို့ ပြောပါတယ်။

သေဆုံးသူ အရေအတွက်က ဒီထက် များလာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

(မင်းပြားမြို့ ရေနစ်နေတဲ့ မြင်ကွင်းပါ။ ဓာတ်ပုံ- နိရဉ္စရာ)

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment