Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

မြောက်ဦးတွင်ရေပြန်ကျ၊ ရှင်းလင်းရေးများ စတင်လုပ်ဆောင်နေပြီဟုဆို


(မြောက်ဦးဈေးရေမြုပ်ခဲ့စဉ်/ ဓာတ်ပုံ- နေမင်းထွန်း)
 ရန်ကုန်၊ သြဂုတ် ၂

 ရေအကြီးအကျယ်တက်ခဲ့သော မြောက်ဦးမြို့နယ်တွင်လည်း ရေပြန်ကျသွာပြီး အပျက်အစီးများနှင့် ရွံ့နွံများကို စတင် ရှင်းလင်းရေးလုပ်နေပြီ ဖြစ်ကြောင်း မြောက်ဦးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ရေကတော့ ပြန်ကျသွားပါပြီ ခင်ဗျား။ ရေကျပြီး ပုံမှန် အခြေအနေကိုတော့ ရောက်သွားပါပြီ။ အခု ဈေးကြီးက စပြီး ရှင်းလင်းရေး လုပ်နေပါပြီ။ တပ်မတော်သားတွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ဌာနဆိုင်ရာတွေနဲ့ အရပ်သားတွေ ဈေးကြီးက အပျက်အစီးတွေကို စတင် ရှင်းလင်းမှု လုပ်နေပါပြီ” ဟု အဆိုပါ အရာရှိက ပြောဆိုသည်။

အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးကို လောလောဆယ်တွင် ခန့်မှန်းပြောဆိုရန် ခက်ခဲပြီး အသေအပျောက်စာရင်းမှာ လေးဦး တရားဝင် ရရှိထားပြီ ဖြစ်ကြောင်း၊ ပုဇွန်ဖယ်ရွာတွင် စက်လှေနှင့် ဖြတ်ကူးရာမှ စက်လှေ နစ်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း၊ ကျန်ကျေးရွာအချို့တွင် သေဆုံးမှုများ ရှိနေသည်ဟု သတင်းရရှိသော်လည်း ရဲစခန်းသို့ တရားဝင် တိုင်ကြားလာမှု မရှိသေးကြောင်း ပြောဆိုသည်။

ယခုအချိန်ထိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားများတွင် ခိုလှုံနေသူများရှိနေသေးကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ၊ သောက်သုံးရေများကို ကူညီပေးလျက် ရှိကြောင်း ပြောဆိုသည်။

စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရိက္ခာများချပေးရာတွင် မနေ့က တစ်ကြိမ်နှင့် ယနေ့တွင် တစ်ကြိမ် ရောက်ရှိလာသည်ဟု ယင်းရဲအရာရှိက ပြောကြားသည်။

မြောက်ဦးမြို့ပေါ်တွင် ရေ ၈ ပေ ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment