CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 25, 2015
ကာဘွန်ခရက်ဒစ် အလွဲသုံးစား
ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ နေတဲ့ ပြဿနာကို ကိုင်တွယ်ရာ မှာ အရေးကြီးတဲ့ ကာဘွန် ထုတ်လွှတ်မှု ပမာဏ ကို လျှော့ချ ရေး ကို အားပေး ဖို့ ရာ ကုလသမဂ္ဂ က လိုက်လျောထားတဲ့ ကာဘွန် ခရက်ဒစ် ၀ယ်ယူ နိုင်တယ် ဆိုတဲ့ အစီအမံ အပေါ် အကြီးအကျယ် အလွဲ သုံးစား လုပ်နေမှု တွေ ရှိတယ် ဆိုတဲ့ ဆွီဒင် သိပ္ပံ ပညာရှင် တွေ ရဲ့ သုတေသန စစ်တမ်း တစ်စောင် ထွက်ပေါ် လာပါတယ်။
ကိုယ့်နိုင်ငံ ထဲ မှာ ကာဘွန် ထုတ်လွှတ်မှု လျှော့မချ နိုင် ရင်တောင် နိုင်ငံရပ်ခြား ကနေ ကာဘွန် ခရက်ဒစ် လို့ ခေါ်တဲ့ ကာဘွန် လျှော့ချမှု အမှတ် တွေ ဝယ်ယူ နိုင်တယ်လို့ ကုလသမဂ္ဂ က ခွင့်ပြု ပေး ထားတာ ပါ။
ဒါပေမယ့် ရုရှား နဲ့ ယူကရိန်း လို နိုင်ငံ တွေ ဟာ ဓာတု ပစ္စည်း တွေ ကို ဖျက်စီး ပစ်ဖို့ ရည်ရွယ်ချက် သက်သက် နဲ့ တိုးမြှင့် ထုတ်လုပ် နေတယ် လို့ ဆိုပါတယ်။
အဲဒီလို့ ဓာတု ပစ္စည်း တွေ ကို ဖျက်စီး ပစ်ရင် ကာဘွန် ခရက်ဒစ် တွေ ရရှိ လာပါတယ်။ ရလာတဲ့ ကာဘွန် ခရက်ဒစ် တွေ ကိုမှ ဥရောပ သမဂ္ဂ ထဲ က ကာဘွန် ဈေးကွက် မှာ ပြန်လည် ရောင်းစား နေကြတာ ဖြစ်ပါတယ်။
ကိုယ်တိုင် ကာဘွန် ထုတ်လှုပ်မှု လျှော့မချ လိုတဲ့ ကုမ္ပဏီ တွေ ကလည်း အဲဒီ့ ကာဘွန် ခရက်ဒစ် တွေ ကို ဝယ်ယူ နေကြ ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ကာဘွန်ခရက်ဒစ် အလွဲသုံးစား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 25, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment