CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 6, 2015
လိင်ဆက်ဆံရန် ငြင်းဆန်ခဲ့သည့် အမျိုးသမီး ၁၉ ဦးကို အိုင်အက်စ်တို့ သုတ်သင်
အိုင်အက်စ်စစ်သွေးကြွတို့က အမျိုးသမီး၁၉ဦးကိုတိုက်ခိုက်ရေးသမားများနှင့် လိင်ဆက်ဆံရန် ငြင်းဆန်ခဲ့၍ သုတ်သင်ခံရကြောင်း သတင်းတရပ် ထွက်ပေါ်ခဲ့သည်။ အဆိုပါအမျိုးသမီးများမှာ ပြီးခဲ့သော နှစ်ဇွန်လက ၎င်းတို့သိမ်းပိုက်ခဲ့သော မိုဆူလ်မြို့တွင် ဓားစာခံများအဖြစ် ဖမ်းဆီးခံထားခဲ့ရသူများကိုဖြစ်သည်။ တချိန်တည်း မှာပင် အမျိုးသမီးများကို ဓာတ်ဆီပုံးများရောင်းသကဲ့သို့ တန်းစီစေကာ လူခြောက်ယောက်က အမျိုးသမီး တယောက်ကို ရွေးချယ်ဝယ်ယူနိုင်အောင်ပြုလုပ်ပေးနေကြောင်း အိုင်အက်စ်တို့၏လိင်ကုန်ကူးမှုကို စုံစမ်းစစ် ဆေးနေသော ကုလသမဂ္ဂသံတမန်တဦးက တင်ပြခဲ့သည်။
အိုင်အက်စ်တို့ ပြန်ပေးဆွဲဖမ်းဆီးခံရသော ယာဇီဒီနှင့် ခရစ်ယာန်အမျိုးသမီးများ တနှစ်မှ ကိုးနှစ်အရွယ်တွင်းရှိ ကလေးငယ်များကိုလည်း ရောင်းစားပစ်နေကြသည်ဟု ဆိုသည်။ အိုင်အက်စ်တို့ ချုပ်နှောင်မှုအောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော အမျိုးသမီးများ၏ ပြောပြချက်အရ အမျိုးသမီးများမှာ စစ်သွေးကြွသမားများနှင့် အတင်းအကျပ် လက်ထပ်ပေးပြီးနောက် လိင်ကိစ္စအရလည်းကောင်း၊ ရုပ်ပိုင်းအရလည်းကောင်း ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံကြရသည်ဟု ဆိုသည်။ ယခု သတ်ဖြတ်ခံရသော အမျိုးသမီး ၁၉ ယောက်မှာ ယာဇီဒီမျိုးနွယ်မှ အမျိုးသမီးများ ဟုတ်၊ မဟုတ်ကိုမူ မသိရသေးချေ။
အမျိုးသမီးများကို လိင်ကိစ္စအတွက် ရောင်းချရာတွင် ဈေးနှုန်းကို အိုင်အက်စ်အဖွဲ့က သတ်မှတ်ပေးထားသည်။ အထူးသဖြင့် အမျိုးသမီးငယ်များနှင့် ကလေးငယ်များကို ရောင်းချရာ၌ ပေါင်စတာ ၁၁၀ အထိ ဈေးနှုန်းသတ်မှတ်ထားပြီး အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးများကိုမူ ယခုထက် ဈေးနှုန်းလျှော့ရောင်းချနေသည်ဟု ဆိုသည်။
အိုင်အက်စ်စစ်သွေးကြွများသည် ၎င်းတို့သိမ်းပိုက်ခဲ့သည့် နယ်မြေများမှ အမျိုးသမီးနှင့် ကလေးငယ်များကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားကာ လေလံတင်ရောင်းနေကြကြောင်း၊ ကုလသမဂ္ဂ အထူးသံတမန်၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်။ ဤနည်းဖြင့် စစ်သွေးကြွများသည် ၎င်းတို့ တိုက်ခိုက်ရေးသမားများအတွက် ငွေကြေးစုဆောင်းလျက်ရှိကြသည်။
တခါတရံတွင် ဖမ်းဆီးထားသော အမျိုးသမီးများနှင့် ကလေးများကို ၎င်းတို့ မိသားစုများက ဒေါ်လာထောင်နှင့်ချီပေးပြီး ပြန်ရွေးယူခဲ့ကြရသည်။ အမျိုးသမီးများကို လေလံတင်ရောင်းချရာတွင် ချမ်းသာကြွယ်ဝသော အရှေ့အလယ်ပိုင်းဒေသမှ ဖောက်သည်များအား ပထမဦးစားပေးအဖြစ် သတ်မှတ်ထားကြသည်။ စစ်သွေးကြွများသည် ၎င်းတို့သိမ်းပိုက်ထားသော ဆီးရီးယားနိုင်ငံ ရက်ကာမြို့ ၌ ယာဇီဒီအမျိုးသမီး အပျိုစင်များကို အ၀တ်အစား ချွတ်ပြပြီး လေလံတင်ရောင်းချမှုကို တွေ့ခဲ့ရကြောင်း ကုလသမဂ္ဂသံတမန်တဦးက ပြောခဲ့ဖူးသည်။
ထွဋ်ဝင်းထွဋ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:
Daily Popular,
ISIS,
terrorist,
WorldNews
လိင်ဆက်ဆံရန် ငြင်းဆန်ခဲ့သည့် အမျိုးသမီး ၁၉ ဦးကို အိုင်အက်စ်တို့ သုတ်သင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment