Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

ပထမဆုံးနိုင်ငံတကာအကူအညီအဖြစ်အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေး လေယာဉ် မန္တလေးသို့ ရောက်ရှိ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် ရေဘေးအတွက်စားသောက်ကုန်နှင့်ဆေးဝါးများထောက်ပံ့ရန် လေကြောင်းမှ ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ်အိန္ဒိယနိုင်ငံမှမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး) နှင့် ကလေးမြို့လေဆိပ် သို့ သြဂုတ် ၆-ရက်နေ့ ကထောက်ပံ့ရေးလေယာဉ် ၂-စင်းရောက်ရှိလာကြောင်းသိရ သည်။

"အိန္ဒိယနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးမှုဖြင့်လူသားခြင်းစာနာထောက်ထားတဲ့စိတ်ဓါတ်နဲ့ ကူညီလှူဒါန်းခြင်းပါ။ ဒီအခက်အခဲတွေမြန်မာပြည်မှာ အမြန်ဆုံးလွတ်မြောက် ပြီး အမြန်ဆုံးအေးချမ်းဖိုအိန္ဒိယအစိုးရကိုယ်စား ဆုတောင်းပါတယ်။" အိန္ဒိယကောင်စစ်ဝန်ချုပ်Dr.Nagendran Nandakumar ကပြောကြားသည်။

အဆိုပါလေယာဉ်နှစ်စင်းသည်အိန္ဒိယနိုင်ငံနယူးဒေလီလေဆိပ်မှထွက်ခွာလာခြင်းဖြစ်ပြီးမွန်းလွဲ၁နာရီခွဲဝန်းကျင်မန္တလေးသို့ရောက်ရှိမည်ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေအရ ညပိုင်းတွင်ရောက်ရှိခဲ့သည်။

ထောက်ပံ့ပစ္စည်းများအားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆပ်ကော်မတီမှ လက်ခံရယူပြီးသက်ဆိုင်ရာရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်းကယ်ဆယ်ရေး
နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှဒုညွှန်ချုပ်ဦးအောင်ခိုင်ကပြောကြားသည်။

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံမှုအဖြစ် နိုင်ငံတကာမှ မန္တလေးသို့ပထမဆုံးရောက်ရှိလာခြင်းဖြစ်ပြီး C-17 လေယာဉ်ဖြင့် မန္တလေးသို့ေ၇ာက်ရှိခဲ့၍ ဆန် ၄၅-တန်၊ခေါက်ဆွဲခြောက် ၃၀၀-ကီလိုဂရမ် နှင့် ဆေးဝါးနှင့်အခြားပစ္စည်းများ ၃၀၀ ကီလိုဂရမ် စုစုပေါင်း တန်ချိန် ၅၀-ခန့်သယ်ဆောင်လာကြောင်းသိရသည်။

အလားတူ ထိုနေ့ မွန်းလွဲ ၁-နာရီ ၁၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ C-130လေယာဉ်ဖြင့် ခဲ့ကာ ဆန်၉-တန်၊ ခေါက်ဆွဲခြောက် ၂၀၀-ကီလိုဂရမ်၊ ဆေးဝါး၂၀၀ကီလိုဂရမ်တို့ကိုသယ်ဆောင်လာခဲ့ပြီး ရေဘေး သင့် ပြည်သူများအားလှူဒါရန်ဖြစ်သည်ဟုဆိုသည်။

ခိုင်ဆက်ဝေ ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment