Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

ကျပ်သိန်း ၉၀၀၀ လှုခဲံ့ပြီးနောက် သိန်း ၇၀၀၀ ပြန်လှုအုံးမယ်တဲ့



သူ့မြေကွက်ရောင်းနိင်အောင် ၀ိုင်းရှယ်ပေးကြပါ...။
Kalemyo Land for sale to help flood victims
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ လမ်းမတန်း မြေကွက် ၂ ကွက် ရောင်းမည်။ ရောင်းရငွေဖြင့် ရေဘေးသင့်သူများကို ကူညီမည်။
ကလေးမြို့ တစ်မြို့လုံးနီးပါး ရေလျှံပါသော်လည်း တာဟန်းရပ်ကွက်သည် ရေ၀င်ရောက်ခြင်း မရှိခဲ့ပါ။ ထိုရပ်ကွက်တွင် I Love Myanmar ဒေါ်လီဗီဆပ်နိုင်ထန်းမှ မြေကွက် ၂ ကွက် ပိုင်ဆိုင်ထားရာ ၂၀၁၂ ခုနှစ်တွင် တစ်ကွက် ၆၀*၁၀၀ ပေအား သိန်း ၅၀၀၀ ဖြင့်၊ နောက် တစ်ကွက် ပေ ၄၀*၁၀၀ ပေအား သိန်း ၂၀၀၀ ဖြင့် ရောင်းချရန် ကမ်းလှမ်းခြင်း ခံရသော်လည်း ရောင်းချလိုစိတ် မရှိခဲ့ပါ။
အခုအချိန်တွင် ရေဘေးနဲ့ ကင်းလွတ်ခဲ့သော ထိုမြေကွက် ၂ ကွက်အား ရောင်းချလိုပါသည်။ ရောင်းရငွေဖြင့် ရေးဘေးသင့်သူများအား ကူညီသွားပါမည်။
စိတ်ဝင်စားသူများရှိပါက ဖုန်းနံပါတ် ၀၉-၈၆၁၀-၃၄၂ သို့ ခေါ်ဆိုကာ မိမိနာမည် နဲ့ ဖုန်းနံပါတ်ကို ပေးထားခဲ့ပါ။ တာဝန်ရှိသူများမှ ဆက်သွယ်လာပါမည်။
I Love Myanmar မှ ဘာလုပ်မလဲလို့ မေးမြန်းလာသူအားလုံးကို ကျေးဇူးတင်ပါသည်။ ယခုအချိန်တွင် ဒေါ်လီဗီဆပ်နိုင်ထန်း သည် ကျန်းမာရေးအရ ပြည်ပတွင် အနားယူလျက်ရှိသည်။ သို့သော် တတ်နိုင်သည့်ဖက်မှ ကူညီသွားပါမည်။
ကျေးဇူးတင်စွာဖြင့်
ဒေါ်လီဗီဆပ်နိုင်ထန်း
I Love Myanmar

No comments:

Post a Comment