Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 25, 2015

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးသက်ရောက်မှုကြောင့် အမျိုးသမီးများ ပါဝင်မှုများလာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးသက်ရောက်မှုကြောင့် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင် ပတ်သက်မှုမှာ (၅၀) ရာခိုင်နှုန်းကျော် ရှိသည်ကို လူမှုသဘောထား စစ်တမ်း ကောက်ယူခြင်း ရလဒ်တွင် တွေ့ရှိကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ပြောသည်။

''အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှု ရာခိုင်နှုန်းမှာ (၅၀) ရာခိုင်နှုန်း ကျော်မှာ တွေ့ရတယ်။ အဲလိုတွေ့ရတဲ့ အများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်တဲ့ လူအများစု ဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ပြောတာပါ'' ဟု ၎င်းကဆိုသည်။

ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းနှင့် အာရှဘာရိုမီတာဆာမေးတို့ ပူးပေါင်းစီစဉ်သည့် လူမှုသဘောထား စစ်တမ်း ကောက်ယူခြင်း အစီအစဉ် ပြီးမြောက်ပြီး ရရှိသော ရလဒ်များ အပေါ်တွင် ရှင်းလင်း တင်ပြခြင်း အခမ်းအနားပွဲ၌ အထက်ပါ အကြောင်းအရာများကို ပြောကြားခဲ့သည်။

အဆိုပါပွဲကို ကျောက်တံတားမြို့နယ် ကုန်သည်လမ်း (၃၅ လမ်းထောင့်)၊ (၁၁) လွှာရှိ ဖန်တီးရာ ရုံးခန်း၌ သြဂုတ်လ (၂၄) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုဆာဗေး စစ်တမ်း ကောက်ယူမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုရှိ မြို့နယ်များတွင် ဇန်န၀ါရီလမှ မတ်လအထိ ပြုလုပ်ခဲ့ပြီး စစ်တမ်း ကောက်ယူခဲ့သည့် လူဦးရေ စုစုပေါင်းမှာ (၁၆၂၀) ဦးရှိကြောင်း ဦးမြတ်သူက ပြောသည်။
messenger news journal

No comments:

Post a Comment