ဩဂုတ် ၃၁။ ။ ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်ဗုံးကွဲမှုအတွက်နောက်ထပ်သံသယရှိသူနှစ်ဦးရဲ့ ရုပ်ပုံတွေကို တနင်္လာနေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယမြောက်တိုက်ခန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေလို့ ယူဆရတဲ့အရာတွေ ရှာဖွေတွေ့ရှိပြီးတဲ့နောက် အခုလို ရုပ်ပုံ တွေကို ရဲက အများပြည်သူကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တစ်ဦးက အသက် ၂၆နှစ်အရွယ် ၀မ်နာဆူအန်ဆန် အမည်ရ ထိုင်းအမျိုးသမီးဖြစ်ပြီး သူ့ရဲ့ ထိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြားပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကာ နောက်တစ်ဦးကိုတော့ ဘယ်နိုင်ငံသားမှန်းမသိရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်ပုံကြမ်းကို ထုတ်ပြန်ခဲ့တာပါ။ မင်းဘူရီ ဆိုတဲ့ ဘန်ကောက်ဆင်ခြေဖုံးအရပ်ရှိ အဆိုပါ ဒုတိယမြောက်တိုက်ခန်းကို ယင်းအမျိုးသမီးက ပိုင်ဆိုင်ပြီး အဆိုပါ အမည်မသိ အမျိုးသားကို အခန်းငှားရမ်းထားပုံရပါတယ်။ ပထမတိုက်ခန်းမှာလည်း အလားတူဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိမှုနဲ့အတူ ဧရာဝဏ်ဘုရားကျောင်းဗုံးပေါက်ကွဲမှုရဲ့ အဓိကတရားခံလို့ သံသယရှိသူကို ရဲတွေဖမ်းဆီးမိခဲ့ပြီး တစ်ရက်အကြာမှာ ဒုတိယမြောက်တိုက်ခန်းကို အလားတူ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်တော့ ကျန်ရှိတဲ့ တရားခံတွေကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၄င်းသံသယတရားခံနှစ်ဦးကိုလည်း ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ပိုင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
အခုထိတော့ ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့၊ ဘယ်သူရဲ့ လက်ချက်ဆိုတာမသိရသေးသလို၊ နောက်ကွယ်က လှုံဆော်တဲ့အကြောင်းရင်း ကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။
Ref: AP
ပုံ – AP
Credit: kumudra
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 31, 2015
ဘန်ကောက်ဗုံးပေါက်ကွဲမှုသံသယရှိသူနောက်နှစ်ဦးရဲ့ ပုံတွေ ထိုင်းရဲထုတ်ပြန်
ဘန်ကောက်ဗုံးပေါက်ကွဲမှုသံသယရှိသူနောက်နှစ်ဦးရဲ့ ပုံတွေ ထိုင်းရဲထုတ်ပြန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 31, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment