Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနဲ့ ဦးဝေလွင် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းသွင်း


 ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်တို့ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နေပြည်တော် မဲဆန္ဒနယ်မြေတွေ ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေး ပါတီမှာ ဗဟိုအလုပ်အမှုဆောင်တွေအဖြစ် တာဝန်ယူလိုက်တာဖြစ်ပါတယ်။ ဦးလှဌေးဝင်းက ဇေယျာသီရိမြို့နယ်၊ ဦးဝေလွင်က ပုဗ္ဗသီရိမြို့နယ်တို့က ပြည်သူ့လွှတ်တော်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကနေ ကိုယ်စားလှယ်လောင်း ၁၁၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီက ၁ဝ ဦး၊ NLD ပါတီက ၁ဝ ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၅ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁ဝ ဦး၊ တသီးပုဂ္ဂလ ၈ ဦး စုစုပေါင်း ၄၃ ဦး ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment