Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

တီယန်ကျင်းကို ဓာတုကျွမ်းကျင်သူတွေ စေလွှတ်ထား


 တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရဲ့ စက်မှုဇုန်ဝင်းကြီး တစ်ခုလုံးပျက်စီးသွားစေခဲ့တဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပေါ်ခဲ့ရာ ဓာတုပစ္စည်းနဲ့ ဓာတ်ငွေ့သိုလှောင်ရာ ကုန်လှောင်ရုံနေရာကို ဓာတုကျွမ်းကျင်သူ အဖွဲ့ဝင် ၂၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေက စေလွှတ်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေထုညစ်ညမ်းမှုတွေကို စောင့်ကြည့်နေပြီးလက်ရှိအခြေအနေမှာတော့ ရှိခဲ့တဲ့ စံညွှန်းကိန်းတွေကနေ ကျော်လွန်ပြီး ညစ်ညမ်းမှု ဖြစ်ပေါ်တာ မတွေ့ရသေးဘူးလို့ တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ဖြစ်သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်းတ၀ိုက်ရှိ အဆောက်အဦးတွေ၊ ကုန်ပစ္စည်းထည့်တဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေနဲ့ မော်တော်ယာဉ်အသစ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ တရုတ်သတင်းမီဒီယာက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ လောလောဆယ် လူပေါင်း ၃ ၅၀၀ ကျော်ဟာ ယာယီ ကယ်ဆယ်ရေးတဲတွေမှာ အိပ်စက်ခဲ့ရပါတယ်။

ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရာနဲ့ချီရှိကာ အပြင်းအထန်ဒဏ်ရာရသူ ၇၀ ကျော်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese



No comments:

Post a Comment