Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

စနေ၊ တနင်္ဂနွေ ရောက်ဖို့ချည်း မျှော်နေမိလား၊ ဒါဆို အလုပ်မုန်းနေပြီ

ဟိန်းထက်

လန်ဒန် ၊ ဇူလိုင် ၂၄

            တနင်္လာ၊ အင်္ဂါလောက်ဆိုလျှင်ပဲ စနေ ရောက်ပါစေတော့ဟု ဆုတောင်း နေမိပါသလား။ ဒါဆို စာဖတ်သူ အလုပ်မုန်းနေပြီ ဆိုတာ သတိရပါ။

            စနေ၊ တနင်္ဂနွေမျှော် စိတ်မျိုး မဖြစ်ဘူး ဆိုလျှင်တော့ စာဖတ်သူသည် အလုပ်မှာ ပျော်သူ၊ ကိုယ်ပျော်တာ ကိုယ်လုပ် နေရသူ ဖြစ်၏။ မလုပ်ချင်သည့် အလုပ်မျိုးမှာ လုပ်နေရသူများသည် ရုံးဖွင့်ရက်များမှာ စိတ်ညစ်နေတတ်ပြီး ရုံးပိတ်ရက်ကျမှ စိတ်ပျော်နိုင်ကြသူများ ဖြစ်သည်။ အလုပ်ကို ချစ်သူများ၊ အလုပ်ခွင်မှာ ပျော်ရွှင် သူများသည်သာ ရုံးပိတ်ရက် ကျိန်စာမှ ကင်းလွတ်ကြကြောင်း လေ့လာမှု စစ်တမ်းက ဆိုလိုက်သည်။

            အမေရိကန် နိုင်ငံ စီးပွား သုတေသနဌာနက စစ်တမ်းပြုစုထားခြင်း ဖြစ်သည်။

            ၂၀၀၈ မှ ၂၀၁၂ ကြား Gallup စစ်တမ်းလုပ်ငန်းက ကောက်ယူထားသော အမေရိကန် လုပ်သားများ စိတ်သဘောထား ရလဒ်များကို အခြေခံပြီး စစ်တမ်း လုပ်ထားခြင်း ဖြစ်သည်။ လေးနှစ်တာ စစ်တမ်းကာလအတွင်း Gallup သည် နေ့စဉ် လူတစ်ထောင် ပြည့်အောင် ဆက်သွယ်ကာ သဘောထားများ မေးမြန်းခဲ့သည်။ လေးနှစ်အတွင်း စုစုပေါင်းဦးရေ (၁ ဒသမ ၇၇) သန်းထိ ရှိခဲ့သည်။

            ပျော်ရွှင်၊ ကြည်နူး၊ ရယ်မော၊ စိုးရိမ်၊ ၀မ်းနည်း၊ ဒေါသထွက်၊ စိတ်ဖိစီး ဟူသော ခံစားချက် ခုနစ်မျိုးအနက် တစ်နေ့တာ အတွင်း မည်သည့် ခံစားချက်ကို အဓိက ခံစားရသနည်းဟု ရွေးချယ်ခိုင်းခြင်း ဖြစ်သည်။ ကြားရက်များနှင့် ပိတ်ရက်များတွင် မိတ်ဆွေ၊ သူငယ်ချင်းနှင့် မည်မျှ တွေ့ဆုံ ဆက်ဆံ ဖြစ်သည်ကိုလည်း မှတ်တမ်းတင်သည်။

Source: Daily Mail
http://www.messengernewsjournal.com/General/Eventure/detail.php?id=41692http://www.messengernewsjournal.com/General/Eventure/detail.php?id=41692

No comments:

Post a Comment