Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

Black Ribbon Movement Myanmar 2015: Say No to Militarization of Myanmar Ministry of Health

Associate Professor Dr. Htin Aung Lin 
Senior Consultant Surgeon Dr. Thant Zaw
Junior Consultant Surgeon Dr. Daniel KoKo Lay
Senior Assistant Surgeon Dr. Zarni Lin Tun — at Mandalay Orthopaedics Hospital.

Black Ribbon Movement Myanmar 2015: Say No to Militarization of Myanmar Ministry of Health
9 August 2015 at 22:18

ကျွန်တော်တို့ ဆေးလောကနဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တစ်ခုဖြစ်တဲ့ ကျန်းမာရေး ၀န်ကြီးဌာရဲ့ အရေးပါတဲ့ ရာထူးတွေကို စစ်တက္ကသိုလ် ဆင်းတွေ ၀င်ရောက်စွက်ဖက်တာကို ကန့်ကွက်တဲ့ အနေနဲ့ Black Ribbon Movement ကို စတင်ကြရအောင်။ ဒီ movement ဟာ လူပုဂ္ဂိုလ်တွေကို (အထူးသဖြင့် စစ်တက္ကသိုလ်ကျောင်းဆင်းတွေကို) တိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ အာဏာရှင်ဆန်တဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ဘက်က စစ်မှုထမ်းများကိုပါ ဒီ movement ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
Dr.Phyo Pa Pa Nyein
M.B.,B.S(Ygn)
SAMA- 38503
ဘယ်သူတွေ ပါဝင်ရမလဲ?
ဒီမိုကရေစီလို့ ခေါ်တဲ့ အများပြည်သူဆန္ဒအတိုင်း တိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကို လှစ်လျူရှုပြီး မိမိစိတ်တိုင်းကျ ဖိနှိပ်ချုပ်ချယ်ချင်တဲ့ စစ်အစိုးရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ချင်တဲ့ မည်သူမဆို ပါဝင်လို့ရပါတယ်။

ဆေးကျောင်းသားကျောင်းသူများ၊ ဆေးရုံဆေးပေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်များ၊ သူနာပြုနဲ့ အခြားဝန်ထမ်းများ အပြင် မည်သူမဆို ပါဝင်လို့ရပါတယ်။ ဆေးလောကက မဟုတ်တဲ့ သူငယ်ချင်းများလည်း ပါဝင်ပေးဖို့ နီးစပ်ရာ စည်းရုံးပါ။ မတရားမှုကို ဆန့်ကျင်လိုတဲ့ စစ်ဆေး၊ စစ်အင်ဂျင်နီယာနဲ့ စစ်တက္ကသိုလ်က သူငယ်ချင်းများလည်း ပါဝင်ဖို့ တိုက်တွန်းပါ။ မြန်မာနိုင်ငံသားများအပြင် နိုင်ငံခြားသား သူငယ်ချင်းများ ရှိပါကလည်း ပါဝင်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

ဘယ်လို ပါဝင်ရမလဲ?
၁။ အနက်ရောင် ဖဲပြားတစ်ခု ပြုလုပ်ပါ။ အများမြင်သာရန်အတွက် ဖဲပြားကို သိပ်မသေးပါစေနဲ့ (ပူးတွဲပါ ဓာတ်ပုံကို ကြည့်ပါ)။ ဖဲပြား ကြီးလေ ကောင်းလေပါပဲ။

Dr Wah Wah Lwin 
Sama 14519
Team leader of Leprosy Campaign, Toungoo


၂။ ကိုယ့်ရဲ့ ဂျူတီကုတ် (သို့မဟုတ်) ၀တ်ဆင်ထားတဲ့ အကျီ င်္ဘယ်ဘက်ရင်ဘတ်တွင် တပ်ဆင်ပါ။
အနက်ရောင် ဖဲပြား ပေါ်လွင်စေဖို့ အရောင်ဖျော့တဲ့ အကျီ င်္ကို ၀တ်ဆင်ပါ။

၃။ ဖဲပြားနက် တပ်ဆင်ထားသော မိမိပုံကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်တွင် တင်ပါ။ Privacy setting ကို everyone (ကမ္ဘာလုံးပုံ) ထားပေးပါ။ ဓာတ်ပုံရဲ့ခေါင်းစဉ်ကို Say No to Militarization of Myanmar Ministry of Health လို့ ပေးပါ။ (#saveMyanmarMOH ဆိုပြီး hashtag လုပ်လည်းရပါတယ်) ကိုယ့်ရဲ့မျက်နှာကို မပါအောင် ရိုက်လည်း ရပါတယ်။ ဒါပေမယ့် ကိုယ့်ပုံနဲ့ ကိုယ့်လုပ်ငန်းခွင်မှာ ရိုက်တဲ့ပုံက ပို အားရှိပါတယ်။ တစ်ယောက်တည်း ရိုက်လည်း ရသလို သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုပြီး ရိုက်လည်း ရပါတယ်။ (ဥပမာ ကျောင်းရှေ့မှာ၊ ဆေးရုံထဲမှာ၊ ဆေးရုံရှေ့မှာ သူငယ်ချင်းတွေနဲ့ စုရိုက်တာမျိုး)။ တစ်ယောက်တည်းပုံနဲ့ အဖွဲ့လိုက်ပုံ နှစ်ပုံစလုံးတင်လည်း ရပါတယ်။

ဖြစ်နိုင်လို့ရှိရင် ဓာတ်ပုံရိုက်ပြီးသွားပေမယ့်လည်း ဖဲပြားနက်ကို မဖြုတ်လိုက်ပါနဲ့။ အတန်းထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ ဆက်လက် ၀တ်ဆင်ထားပေးပါ။ ဒါမှ အတန်းထဲက၊ လုပ်ငန်းခွင်ထဲက တစ်ခြားသူတွေလည်း ဒါကို အာရုံစိုက်မိလာပါလိမယ့်မယ်။ စစချင်း မ၀တ်ရဲတဲ့ သူတွေလည်း ၀တ်ရဲလာပါလိမ့်မယ်။

၎။ ဒီနံပါတ် ၄ က မဖြစ်မနေ လုပ်ရမယ့် အချက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဓာတ်ပုံကို www.facebook.com/BlackRibbonMM ဆိုတဲ့ page ရဲ့ wall ပေါ်မှာ လာရှယ်လိုက ရှယ်နိုင်ပါတယ်။

ဘယ်တော့ လုပ်မလဲ?
သြဂုတ် ၁၁ ရက် ၂၀၁၅ အင်္ဂါနေ့က စပြီး လုပ်ပါမယ်။

Tips: အနက်ရောင် ဖဲပြားတစ်ခုကို လွယ်လွယ်ကူကူ ဘယ်လို ပြုလုပ်မလဲ?
အနက်ရောင် ဖဲကြိုး အပြားရှိရင် ဖဲကြိုးကို ဖြတ်ပြီး အလိုက်သင့် ကွေးလိုက်ရုံနဲ့ ရနိုင်ပါတယ်။ ဖဲပြားနှစ်ခုထပ်တဲ့ နေရာကို ကော်၊ ပင်အပ်၊ နှစ်ဖက်ကပ်တိပ် သင့်တော်ရာ တစ်ခုခုနဲ့ ထိန်းထားနိုင်ပါတယ်။
ဖဲပြား အလွယ်တကူ အနားမှာ မရှိရင် စက္ကူနဲ့ ဘောပင်အနက်ကို သုံးပြီး လုပ်နိုင်ပါတယ်။ စက္ကူ အနက် ရရင်ရ၊ မရရင် စက္ကူအဖြူကို ဖဲပြားလုပ်ဖို့ ရှည်ရှည်သွယ်သွယ် အချောင်းလေး ဖြစ်အောင် ဖြတ်ပြီး ဘောပင် ဒါမှမဟုတ် ဆော့ပင် soft pen တစ်ခုခုနဲ့ အနက်ရောင် အပြည့်ချယ်နိုင်ပါတယ်။ ပြီးရင် ဖဲပြားဖြစ်အောင် အလိုက်သင့်ကလေး လိမ်ပြီး ထပ်လိုက်ရင် ရပါပြီ။

မြန်မာပြည် ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အနာဂတ် သင့်လက်ထဲမှာ ရှိပါတယ်။ သင် ကူညီပေးပါ။

ဒီပိုစ့်ကို ရှယ်ပေးဖို့လည်း မမေ့ပါနဲ့ဦး။
https://www.facebook.com/notes/black-ribbon-movement-myanmar-2015/black-ribbon-movement-myanmar-2015-say-no-to-militarization-of-myanmar-ministry-/123738111303254

No comments:

Post a Comment