Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015



Vicki Zhao လို့လူသိများတဲ့ တရုတ်မင်းသမီး Zhao Wei ဟာ တီဗွီ ထဲကနေ တစ်စုံတစ်ယောက်ကို စိုက်ကြည့်ခဲ့မိတဲ့အတွက် တရားစွဲခံလိုက်ရပါတယ်။ AP သတင်းဌာနရဲ့ ဖော်ပြချက်အရ "Tiger Mom" ဆိုတဲ့ တရုတ် ရုပ်သံ အစီအစဉ် မှာ Zhao Wei ရဲ့ စိုက်ကြည့်တဲ့ ဒရာမ ဇာတ်ကွက် တစ်ခုကြောင့် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ကြည့်ရှုသူ တစ်ယောက်က စိတ်ပိုင်းဆိုင်ရာ အရ ဒဏ်ရာ ရစေခဲ့တယ်လို့ ဆိုကာ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ထို တရားစွဲဆိုမှုဟာ အမှန်တစ်ကယ်တော့ ရူးသွပ်လွန်းပါတယ်။ ဒါပေမယ့်လည်း တရုတ် တရားရေး စစန် ရဲ့ ပြုပြင်ပြောင်းလဲမှု အသစ်တစ်ခု က ထို တရားစွဲဆိုမှု ကို ယုတ္တိ ရှိလာစေခဲ့ပါတယ်။ မေလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ထို ပြုပြင်ပြောင်းလဲမှု အရ ပြည်သူတွေအနေနဲ့ အရေးမကြီးတဲ့ ဖြစ်ရပ်တွေကိုလည်း အမှုဖွင့်နိုင်ပြီး တရားရုံးတွေအနေနဲ့ ပလပ်ဖို့ ခက်ခဲသွားစေခဲ့ပါတယ်။

ထို တရားရေး စနစ် ပြင်ဆင်မှု ပြုလုပ်ပြီးကတည်းက တရုတ်နိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားနှုန်းတွေဟာ သိသိသာသာ တိုးများလာတယ်လို့ လည်း သိရပါတယ်။

ထို တရားလို အမျိုးသားရဲ့ တိုင်ကြားချက်အရဆိုရင်တော့ Zhao Wei ဟာ အဲဒီလို ကြည့်လိုက်တဲ့ ဇာတ်ကွက် ဟာ ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်ဖို့ကြည့်တဲ့ ဇာတ်ကွက်မဟုတ်ပဲ ခင်ပွန်းသည် နဲ့ ကလေး ကို မာမာထန်ထန် ဆက်ဆံ ပြောဆိုတဲ့အခန်းဖြစ်ပြီး ထို ဇာတ်လမ်းတွဲထဲမှာလည်း Zhao Wei ဟာ မိမိ ကလေးကို အောင်မြင်မှု ရစေဖို့ တွန်းအားပေးတဲ့ မိခင်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အခုလို အမှုဖွင့် တရားစွဲဆိုမှု အပေါ် Zhao Wei က ဘာ ထင်မြင်ချက်မှ မပေးခဲ့သလို ရှန်ဟိုင်း တရားရုံးကလည်း ထို အမှုကို လက်ခံ ဖြေရှင်း ပေးဖို့ အစီအစဉ် ရှိ မရှိ ကိုလည်း မသိရသေးပါဘူး။

Zhao Wei ဟာ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Shaolin Soccer နဲ့ Red Cliff ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်လာတဲ့ တရုတ် မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment