Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

Twitter တွင် ပဋိပက္ခဖြစ်ပြီးနောက် Nicki Minaj ကို Taylor Swift တောင်းပန်





Nicki Minaj ဟာ တောင်းပန်မှုတွေ တစ်လှေကြီးရရှိနေပါတယ်။ Nicki Minaj ရဲ့လူ Meek Mill ဟာ Twitter ပေါ်မှာ Drake နဲ့ ငြင်းခုန်စကားများကြရာကနေ Meek Mill က တောင်းပန်မှုပြုခဲ့ပါတယ်။ အခုလည်း Taylor Swift ဟာ ယခုအပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ Twitter ပေါ်က ပဋိပက္ခကို သူ့ဘက်ကနေ တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၁၅ခုနှစ် MTV VMAs Video နှစ်အလိုက်စာရင်းမှာမပါတဲ့ “Anaconda” ဗီဒီယိုအကြောင်းကို ရပ်ပ်ပါ Minaj ကပြောဆိုနေခဲ့ရာမှာ ပေါ့ပ်စတား Taylor Swift က သူ့ကိုရည်ရွယ်ပြောဆိုနေခဲ့တယ်လို့ ခံစားခဲ့ရာကနေ Twitter ပဋိပက္ခဖြစ်ပေါ်ခဲ့တာပါ။

 Swift ဟာ ခုတော့ အသိတရားဝင်လာပြီး “ငါက ငါ့ကိုပြောနေတယ်ထင်လို့။ ငါ အယူအဆမှားသွားတယ်။ အထင်လွဲသွားခဲ့တယ်။ အဲ့ဒီ့တော့ မရှင်းမရှင်းတွေပြောမိကြရော။ ငါတောင်းပန်ပါတယ် Nicki ရယ် @NICKIMINAJ” ဆိုပြီး တောင်းပန်စကား ရေးသားခဲ့ပါတယ်။

MTV Video Music Award လျာထားစာရင်းထွက်လာတဲ့အခါ သူမဟာ အပစ်ပယ်ခံရတယ်လို့ ယူဆပြီးတော့ Minaj က သူ့ယူဆချက်တွေကို Twitter ပေါ်မှာ စရေးခဲ့တာပါ။ စံချိန်ချိုးခဲ့တဲ့ “Anaconda” နဲ့ Beyonce ပါဝင်ကူညီပေးထားတဲ့ “Feeling Myself” တို့ဟာ လျာထားစာရင်းမှာ ပါမယ်လို့ သူမက ယုံကြည်မျှော်လင့်ထားခဲ့တာပါ။

အဲ့ဒီ့အတွက် Minaj စတင်ရေးသားခဲ့တာကတော့ “ရှင်တို့ရဲ့ ဗီဒီယိုမှာ သိပ်ကိုပိန်ပါးလွန်းတဲ့ ခန္ဓာကိုယ်တွေနဲ့ ရိုက်ခဲ့မယ်ဆိုရင်၊ ဒီနှစ်ရဲ့ လျာထားစာရင်းဝင်မှာပါ။” လို့ပါပဲ။ ဒါ့ကြောင့် Swift က သူ့ကိုစောင်းပြောတယ်ထင်ပြီး ပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Boombox

No comments:

Post a Comment