CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 15, 2015
အမေရိကန် ရဲအရာရှိ၏သားကို ဗုံးခွဲရန်ကြံစည်မှုဖြင့် ဖမ်းဆီး
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က ရဲအရာရှိတယောက်ရဲ့ သားကို ကောလိပ် စားသောက်ဆိုင်ကို ဗုံးခွဲဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပြီး တရားရုံးက အာမခံလည်း မပေးပါဘူး။
အသက် ၂၃ နှစ်အရွယ် အလက်ဇန္ဒား စစ်ကိုလိုဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) ကိုယ်စား ဗုံးခွဲဖို့ ကြံစည်ခဲ့တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးခံထားရပါတယ်။
မက်ဆာချူးဆက်ပြည်နယ် စပရင်းဖီးဒ် (Springfield) မြို့ တရားရုံးမှာ သူ့ကို ရုံးထုတ်လာစဉ် အိုင်အက်စ်အဖွဲ့က အမေရိကန်တွေကို ကွပ်မျက်သတ်ဖြတ်ပြီးနောက် အမေရိကန်ကို ရန်သူအဖြစ် ကြေညာတဲ့ ဗွီဒီယိုကို အစိုးရ ရှေ့နေတွေက သူ့ကို ပြသပါတယ်။
ပါးသိုင်းမွေးထားပြီး မျက်မှန်တပ်ထားတဲ့ စစ်ကိုလိုဟာ တရားရုံး ကြားနာမှု တလျှောက်လုံး နီးပါးမှာ နှုတ်ဆိတ်နေခဲ့ပါတယ်။
လက်နက်အမြောက်အမြား စုဆောင်ထားခဲ့တာကို အက်ဖ်ဘီအိုင် သတင်းပေးက တွေ့ရှိခဲ့ပြီးနောက် စစ်ကိုလိုကို ဇူလိုင် ၄ ရက်နေ့က လက်နက်မှုနဲ့ ဖမ်းဆီးထားတာပါ။
အက်ဖ်ဘီအိုင် သတင်းပေးတယောက်ရဲ့ အဆိုအရ စစ်ကိုလိုဟာ ဝေါလ်မတ်တ် (Wal-Mart) စတိုးဆိုင်ကနေ ပေါင်းအိုးတလုံးကို ၀ယ်ခဲ့ပြီးနောက် သူ့တိုက်ခန်းထဲမှာ ဗုံးလုပ်ထားတာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့အမှုကြောင့် ဖခင်ဖြစ်တဲ့ ဘော်စတွန်မြို့ ရဲအုပ် ရောဘတ် စစ်ကိုလိုလည်း စစ်ဆေးခံခဲ့ရပါတယ်။
အရင်လတုန်းကလည်း ဘော်စတွန်မြို့မှာ ရဲကို ခေါင်းဖြတ်ဖို့ ကြံစည်တဲ့ အမျိုးသားတယောက်ကို ရဲအရာရှိတွေက အသေဖမ်းဆီးနိုင်ခဲ့ပြီး တခြား ၂ ယောက်ကိုလည်း ကြံစည်မှုနဲ့ တရားစွဲထားပါတယ်။
သူတို့ ၃ ယောက်စလုံး အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့ ရဲက သံသယရှိနေပါတယ်။
DVB
အမေရိကန် ရဲအရာရှိ၏သားကို ဗုံးခွဲရန်ကြံစည်မှုဖြင့် ဖမ်းဆီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment