ဖက်ရှင် နဲ့ ပက်သက်ရင် အမြဲတမ်း Sexy တွေပဲ လုပ်ပြတတ်တဲ့ Rihanna တစ်ယောက် ဒီတစ်ကြိမ်မှာတော့ ဘာဘီ ရုပ်လေးသဖွယ် ဖြစ်သွားခဲ့ပါပြီ။
ပေါ့ပ် စတားဟာ ဘာဘီရုပ်အသွင်နဲ့ သူမအသစ်ထပ်မံ ထုတ်လုပ်မယ့် ရေမွှေး တစ်မျိုးအတွက် ကြော်ငြာ ဓါတ်ပုံ ရိုက်ခဲ့တာဖြစ်ပြီး သူမဟာ ဘာဘီ ၀တ်စုံ နဲ့လည်း တစ်မျိုးလေး လှပနေခဲ့ပါတယ်။
သူမရဲ့ အသစ်ထုတ်လုပ်မယ့် ရေမွှေးနာမည်ကိုတော့ သူမရဲ့ ချစ်စနိုးနာမည်တစ်ခုဖြစ်တဲ့ RiRi လို့ အမည်ပေးထားပြီး သူမဟာ ဆံပင်အနီရောင်နဲ့ အတူ ၊ ကော့ပြီး ကျော့မော့နေတဲ့ မျက်တောင်အလှ တွေ ၊ နူးညံ့တဲ့ နှုတ်ခမ်းအလှတွေကို ပေါ်လွင်စေမယ့် မျက်နှာထားမျိုးနဲ့ ဓါတ်ပုံ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။
အမှန်တစ်ကယ်တော့ Rihanna ဟာ ရေမွှေး ၇မျိုးကို ထုတ်လုပ်ခဲ့ပြီး ဖြစ်သလို အခုတစ်ကြိမ် ထပ်မံ ထုတ်လုပ်မယ့် ရေမွှေးကတော့ ၈ ခုမြောက်ပဲ ဖြစ်ပါတယ်။ သူမထုတ်လုပ်ထားတဲ့ ရေမွှေးတွေကတော့ Joining Rogue ၊ Rogue Love ၊ Rebelle ၊ Reb'l Fleur ၊ Nude ၊ 777 Nude တို့ပဲ ဖြစ်ပြီး အမျိုးသား သုံးရေမွှေးတစ်မျိုးအနေနဲ့လည်း Rogue Man ဆိုတဲ့ ရေမွှေးကို ထုတ်လုပ်ထားပါသေးတယ်။
ဒါ့အပြင် Rihanna ဟာ အမေရိကန် အခြေစိုက် ခြေအိတ် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်တဲ့ Stance ရဲ့ ဖြန့်ချီရေး ခရီအေးတစ် ဒါရိုက်တာ တစ်ယောက်အဖြစ်လည်း စာချုပ်ချုပ်လက်မှတ်ရေးထိုးထားပြီး သူမနဲ့ ထိုကုမ္မဏီ နဲ့ဟာ ဒူးခေါင်းအပေါ် အထိ အရှည်ရှိမယ့် အရေအတွက် သတ်မှတ်ထားတဲ့ ခြေအိတ်တစ်မျိုးကို ထုတ်လုပ်သွားမှာ ဖြစ်ပြီး ထိုခြေအိတ် ရဲ့ အပေါ်မှာတော့ Murder Rih Wrote ဆိုတဲ့ စာသားကို ရေးသားထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror
No comments:
Post a Comment