Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 12, 2015

Resurgence ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Maika Monroe နဲ့ တွဲခုတ်နေတဲ့ Liam Hemsworth



ဟောလီးဝုဒ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Liam Hemsworth ဟာ Resurgence ဇာတ်လမ်းရဲ့ တွဲဖက်သရုပ်ဆောင် Maika Monroe နဲ့ အတူရှိနေတာကိုတွေ့ခဲ့ရပါတယ်တဲ့။ သူတို့ ၂ ဦးဟာ ဒါရိုက်တာ Roland Emmerich ရဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နီးကပ်စွာ အတူရှိခဲ့ကြတယ်လို့ US Weekly သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရတော့ " သူ့ရဲ့လက်တွေက သူမရဲ့ တင်ပါးပေါ်ရောက်နေပြီး သူမကလည်း သူ့ကိုယ်ထဲဝင်နေပြီ သူတို့ဟာ ဘား မှာ ကြည်နူးနေကြပါတယ်" လို့ ဆိုပါတယ်။

သူတို့ ၂ ယောက်စလုံးက သူတို့ရဲ့ အချစ်ရေးကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း သူတို့ ၂ ယောက်ကို ကယ်လီဖိုးနီးယား မာလီဘူး ကမ်းခြေမှာ ဇူလိုင် ၇ ရက်နေ့က အတူ တွေ့ခဲ့ရပြန်ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ Monroe ဟာ လက်ရှိမှာ "It Follows," "The Guest" နဲ့ Labor Day ဆိုတဲ့ ဇာတ်လမ်းတွေထဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက်တုန်းကတော့ မင်းသား Liam Hemsworth ရဲ့ ရည်းစားဟောင်း အဆိုတော်မလေး Miley Cyrus ဟာ သူမရဲ့ ဂီတဗီဒီယို အသစ်အတွက် Victoria's Secret ရဲ့ မော်ဒယ်လ် ကောင်မလေး Angel Stella Maxwell နဲ့ မိန်းကလေးချင်း နမ်းနေတဲ့ ဗီဒိယို တွေထွက်ပေါ်လာပါတယ်။

ဧပြီလတုန်းကလည်း Miley Cyrus ဟာ သူမရဲ့ ချစ်သူကောင်လေး Patrick Schwarzenegger နဲ့ လမ်းခွဲပြီးတဲ့နောက် Liam Hemsworth နဲ့ ပြန်လည် တွဲခုတ်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါသေးတယ်။ Miley နဲ့ Liam တို့ဟာ ၂၀၀၉ ခုနှစ်က "The Last Song" ရုပ်ရှင်ဇာတ်လမ်းမှာ တွဲဖက်သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Starpulse

No comments:

Post a Comment