Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

NutriBullet သစ်သီးဖျော်စက် အပူလွန်ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး မျက်နှာအပူလောင်ခံရ





အမျိုးသမီးတစ်ဦး သူမရဲ့ NatriBullet သစ်သီးဖျော်စက် ပေါက်ကွဲထွက်ပြီးနောက် မျက်နှာနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ တစ်သက်လုံးအမာရွက်ကျန်ရှိနေရတော့မှာ ဖြစ်ပါတယ်။

ကိုယ်ကာယလေ့ကျင့်နည်းပြ ဆရာမဖြစ်သူ Tysha Stapleton ၂၄ နှစ်ဟာ super food extractor ကို ပြီးခဲ့တဲ့ တစ်ပတ်က က £100 နဲ့ ဝယ်ခဲ့တာဖြစ်ပါတယ်။ သို့သော် ဒုတိယအကြိမ်အမြောက် အသုံးပြုမယ်လုပ်တဲ့အခါ စက်က အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။
ကြိတ်စက်မော်တာလေးယူပြီး ဝက်အူနဲ့ ဖြုတ်ဖို့ လုပ်တဲ့အခါမှာ ပေါက်ကွဲသံတစ်ခု သူမကြားလိုက်ပြီး ယင်းသစ်သီးဖျော်စက်က သူမ မျက်ရှေ့မှာ ပေါက်ကွဲသွားတာပါတဲ့။
အပူပေးရတဲ့ ပစ္စည်းမျိုး မဟုတ်ပေမယ့် သူ့ဟာသူ အပူလွန်ဖြစ်ကာ ပေါက်ကွဲတာဖြစ်ရပါလိမ့်မယ်လို့ သူမက ဆိုပါတယ်။
နာကျင်မှုက အလွန်ဆိုးရွားပြင်းထန်ပြီး အရေပြားပါ ကျွမ်းကုန်တယ်။ မျက်စိကန်းပြီလို့ ထင်ခဲ့တာ။ မျက်နှာအရေပြားတွေပါ ကျက်သွားတယ်လို့ သူမက ဆိုပါတယ်။
ဆရာဝန်တွေ အတတ်နိုင်ဆုံးကြိုးစား ကုသပေးသည့်တိုင် Tysha တစ်သက်လုံး အမာရွက်နဲ့ ကျန်ရစ်မှာ ဖြစ်ပါတယ်။
NutriBullet ကု​မ္ပဏီအနေနဲ့ စုံစမ်းစစ်ဆေးမှု မပြီးမချင်းတော့ ဘာမှတ်ချက်မှ ပေးမှာ မဟုတ်သေးကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: Metro
http://www.trend.com.mm/2015/07/08/news-7099

No comments:

Post a Comment