Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

Netflix ကုမ္ပဏီအတွက် သားဖြစ်သူ မက်ဒေါ့စ် နဲ့ တွဲဖက်ပြီး ရုပ်ရှင် ရိုက်ကူးမယ့် Angelina Jolie




ကမ္ဘောဒီးယား စာရေးဆရာမ Loung Ung ရဲ့ စာအုပ်ဖြစ်တဲ့ First They Killed My Father: A Daughter of Cambodia Remembers ကို အခြေခံပြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးမှာ ဖြစ်ပါတယ်။

"Loung ရဲ့ စာအုပ်ကို ဖတ်ပြီး ကျမ အင်မတန် ခံစားရပါတယ်။ ဒီစာအုပ်ဟာ ကလေးတွေရဲ့ စစ်အပေါ် အမြင်နဲ့ သူတို့အပေါ်ထိခိုက်မှုနဲ့ ပတ်သတ်လို့ ကျမရဲ့ နားလည်မှုကို ပိုမိုလေးနက်စေခဲ့ပါတယ် ။ ပြီးတော့ ကျွန်မသား(မွေးစားသား) လေးရဲ့ ဇာတိမြေဖြစ်တဲ့ ကမ္ဘောဒီးယားက လူတွေနဲ့လည်း ပိုမို နီးကပ်စေပါတယ်။" လို့ အသက် ၄၀ရှိပြီဖြစ်တဲ့ ဂျိုလီက ပြောကြားပါတယ်။

အဆိုပါ ရုပ်ရှင်ဟာ စစ်ပွဲအပေါ်မှာ ကလေးတစ်ယောက်ရဲ့ အမြင်တွေကို ဖော်ညွှန်းရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဂျိုလီရဲ့ သားဖြစ်သူ အသက်(၁၃)နှစ် ရှိပြီဖြစ်တဲ့ မက်ဒေါ့စ် (Maddox) က ဒီ ရုပ်ရှင်မှာ ပါဝင်မှာ ဖြစ်ပါတယ်။

"ဒီစာအုပ်ကို ပိတ်ကားထက်မှာ ပြသနိုင်ဖို့ ကျွန်မရဲ့ စိတ်ကူးတွေ အကောင်အထည်ပေါ်တော့မှာပါ။ ပြီးတော့ Loung ရယ်၊ flimmaker ဖြစ်တဲ့ Rithy Panh ရယ်နဲ့ တွဲပြီး အလုပ်လုပ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်" လို့ သူမ က ထပ်မံပြောကြားပါတယ်။

အဆိုပါ ရုပ်ရှင်ကို ခမာ ဘာသာနဲ့ ကော အင်္ဂလိပ်ဘာသာ နဲ့ပါ ဖြန့်ချိမှာ ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် များဆီက ခမာ အုပ်ချုပ်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအောက်မှာ ရုန်းကန်နေထိုင်ခဲ့ရပုံများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဂျိုလီရဲ့  ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ In the Land of Blood and Honey ဇာတ်ကားကိုလည်း ဘာသာစကားနှစ်မျိုးနဲ့ ဖြန့်ချိခဲ့ပါတယ်။

ဂျိုလီရဲ့ ခင်ပွန်းဖြစ်သူ ဘရတ်ပစ် ရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ War Machine ကိုလည်း ဖြန့်ချိတော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ခဲ့ပါတယ်။

( TMW )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : People

No comments:

Post a Comment