Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

Mila Kunis နဲ့ Ashton Kutcher တို့ တရားဝင် လက်ထပ်ကြတော့မည်





ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Mila Kunis နဲ့ Ashton Kutcher တို့ဟာ မကြာခင် ရက်ပိုင်းအတွင်း မင်္ဂလာဆောင် အခမ်းအနားတစ်ခုနဲ့ လက်ထပ်ဖို့ စီစဉ်နေကြပါတယ်။

သူတို့စုံတွဲဟာ မနှစ်ကပဲ စေ့စပ်ခဲ့ကြ ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ကြပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း Mila Kunis ဟာ သူမရဲ့ ဘယ်ဘက် လက်မှာ မင်္ဂလာ လက်စွပ် စွပ်ထားခဲ့တဲ့ အတွက် သူတို့ ၂ ယောက်ဟာ တိတ်တခိုး လက်ထပ်ထားပြီးဖြစ်တယ်လို့လည်း ကောလာဟလ တွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် လက်ရှိ နောက်ဆုံး ရတဲ့ သတင်းကတော့ သူတို့ ၂ ယောက်ဟာ မကြာမီ ရက်ပိုင်းအတွင်း လော့အိန်ဂျလိစ်မှာ တရားဝင် ထိမ်းမြားလက်ထပ် ကြတော့မယ်ဆိုတာပါပဲ။

အတွင်းလူ တစ်ယောက်က New York Post သတင်းဌာန ရဲ့ အတင်းအဖျင်း စာမျက်နှာ ကို ပြောပြခဲ့တာကတော့ " အသေးစိတ်ကိုတော့ပြောပြလို့မရသေးပါဘူး။ဧည့်သည်တွေကိုတော့ ၂၄ နာရီတော့ အနည်းဆုံးကြိုပြီး ဖိတ်ကြားမှာပါ။ဒါဟာအရမ်းသေးငယ်ပြီးသူငယ်ချင်းတွေနဲ့မိသားစုတွေပဲတက်ရောက်မယ့်ပွဲသေးလေးပါ" ။

မတ်လတုန်းကလည်း Mila Kunis ဟာ "Late Late Show" ဆိုတဲ့ အစီအစဉ်မှာ ဂျာနယ်လစ် James Corden နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒီတုန်းက James Corden က Mila Kunis ကို ဘယ်ဘက်လက်မှာ လက်ထပ်လက်စွပ်တွေ့တဲ့အတွက် လက်ထပ်ထားပြီးပြီလားလို့ မေးတဲ့အခါမှာ Mila Kunis က "ဖြစ်နိုင်ပါတယ်" လို့ ပြန်ဖြေခဲ့ပြီး "ဒါဆို သင် လက်ထပ်ပြီးပြီလား ထက်မထပ်ရသေးဘူးလား" လို့ မေးတဲ့အခါမှာတော့ Mila Kunis က သူမရဲ့ လက်ကို မြှောက်ပြခဲ့ပါတယ်။

အဲဒီအခါမှာ Corden က "သူတို့လက်ထပ်ပြီးပြီ တွေ့လား" လို့ ပရိတ်သတ်ကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment