Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

ဒုတိယရင်သွေးမွေးပြီးရင် တတိယရင်သွေးရဖို့ကြိုးစားဦးမယ့် Kim Kardashian





Kim Kardashian ဟာ ကိုယ်ဝန် လ အနည်းငယ်ရှိနေပါပြီ ဒါပေမယ့်လည်း သူမဟာ အခုချိန်ထိ ဟိုဖော်ဒီဖော် အ၀တ်အစားတွေကို ၀တ်ဆင်နေတုန်းပါပဲ။

Keeping Up With the Kardashians အစီအစဉ်ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာ ဗုဒ္ဓဟူးနေ့ညက ဗြိတိန် သတင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ DailyMail.com ရဲ့ ရွက်လှေပါတီ ပွဲကို ဖောက်ထွင်းမြင်နိုင်တဲ့ အနက်ရောင် ၀တ်စုံ နဲ့ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ Kris Jenner ၊ ညီမငယ် Kylie Jenner တို့နဲ့ အတူ ပွဲတက်လာတဲ့ Kim Kardashian ဟာ မျှော်လင့်ထားတဲ့အတိုင်း ဒီဇင်ဘာလမှာ ဒုတိယမြောက်ရင်သွေး သားလေး ကို မွေးဖွားပြီးတာနဲ့ ကလေး နောက်တစ်ယောက်ရဖို့အတွက် ကြိုးစားဦးမှာ ဖြစ်တယ်လို့ Mail သတင်းဝက်ဘ်ဆိုက်ကို ပြောပြခဲ့ပါတယ်။

"ကျွန်မအမြဲပြောခဲ့သလိုပဲ ကျွန်မတို့ ယောကျာင်္းလေးတစ်ယောက်ရခဲ့ရင် ၊ ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက် ဖြစ်သွားပါပြီ။ ဒါပေမယ့် ဒီကိုယ်ဝန် က နည်းနည်းတော့လွယ်နေပါသေူတယ်။ နောက်တစ်ယောက်ရနိုင်ဦးမလားဆိုတာတော့မသိနိုင်ပါဘူး။ ကျွန်မအပေါ်မူတည်နေပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ နောက်ထပ်ကိုယ်ဝန် ရဖို့ ဖြစ်နိုင်ပါသေးတယ်" လို့ Kim Kardashian က ဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် ဖြစ်ရပ်မှန်ကြယ်ပွင့် Kim Kardashian ဟာ သူမရဲ့ ကိုယ်ဝန်ကို အံ့ဖွယ် ကိုယ်ဝန်လို့ သတ်မှတ်ထားပါတယ်။ အကြောင်းအရင်းကတော့ သူမနဲ့ ခင်ပွန်းသည် Kanye West တို့ဟာ ထို ကိုယ်ဝန်ကိုရဖို့ လပေါင်းများစွာ ကြိုးစားခဲ့ရလို့ပါ။ ဒီလ အစောပိုင်းမှာမှ သူမ မှာကိုယ်ဝန်ရှိနေကြောင်းကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment