Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 2, 2015

ကလေးထိန်းဟောင်းကို ဒေါ်လာ ၂၀၀၀၀၀ လျော်ကြေးပေးရမယ့် ရပ်ပါ The Game



ABC7 သတင်းတစ်ရပ်အရ၊ West Coast MC, The Game ဟာ သူရဲ့ ယခင်ကလေးထိန်းဟောင်း Karen Monroe ကို သူ့ရဲ့ Instagram ပေါ်မှာ ဂုဏ်သရေညှိုးနွှမ်းစေခဲ့တဲ့အတွက် ကန်ဒေါ်လာ ၂၀၀၀၀၀ ပေးလျော်ရမယ်လို့ သိရပါတယ်။

Karen Monroe အနေနဲ့ မသင့်လျော်တဲ့ အပြုအမူတွေပြုလုပ်ခဲ့တယ်လို့ သူယုံကြည်ထားတာတွေကို The Game က ၂၀၁၃ခုနှစ်မှာ Instagram ပေါ် ရေးသားပြစ်တင်ခဲ့ပါတယ်။ Monroe ဟာ The Game ရဲ့သမီးအိပ်ခန်းထဲမှာ သူမရဲ့ ရည်စားနဲ့ လိင်မှုပြုခဲ့တယ်လို့ The Game က ဆိုပါတယ်။

ပိုဆိုးသွားတာက၊ သူမဟာ အလုပ်လုပ်နေတုန်း ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံသောက်တယ်လို့ The Game က အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။ The Game ဟာ သူမကို အလုပ်ဖြုတ်လိုက်ရုံမကဘဲ၊ သူမရဲ့ ရုပ်ပုံတွေကို Instagram ပေါ်မှာတင်ပြီး သူမကို နောက်ထပ်အလုပ်ခန့်ဖို့ ဘယ်သူမှ မစဉ်းစားကြပါကြောင်း လော်ဘီလုပ်ခဲ့ပါတယ်။

Instagramပေါ်က The Game ရဲ့ ရှည်လျားထွေပြားတဲ့ ဝေဖန်စွပ်စွဲချက်တွေကြောင့် Monroe ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးပြီး သူမရဲ့စိတ်ကျမှုတွေအတွက် ကုသမှုခံယူခဲ့ရတယ်လို့ Monroe ရဲ့ ရှေ့နေကဆိုပါတယ်။ လူတွေက သူမကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေပြုခဲ့ပြီး သူမဟာလည်း ကလေးထိန်းအလုပ်ကို ထပ်မံမလုပ်ကိုင်နိုင်ခဲ့ကြောင်းကိုလည်း ၄င်းရှေ့နေက ထပ်မံတင်ပြခဲ့ပါတယ်။

The Game ဟာ တရားခွင်ကို တက်ရောက်ရန်ပျက်ကွက်ခဲ့သည့်အတွက်ကြောင့် လော့စ်အန်ဂျလိစ် တရားသူကြီးက ဇွန်လ ၁၀ရက်နေ့မှာ Monroe ကို ကန်ဒေါ်လာ ၂၀၀၆၂၇ ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

The Game ဟာ ပေးလျော်နိုင်ပြီး သူ့ရဲ့ ကံဆိုးမှုတွေကို အဆုံးသတ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

( Skyler )

#သစ်ထူးလွင်

No comments:

Post a Comment