Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

Facebook ရဲ့ iOS ဗားရှင်း app တွေအတွက် Feature အသစ်



Facebook ကုမ္မဏီဟာ iOS ဗားရှင်း Facebook app မှာ လုပ်ဆောင်ချက် Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပြီးSnapchat သုံးစွဲသူတွေအတွက်တော့ ထို Feature အသစ်ကို မြင်ဖူးပြီးသား ဖြစ်ကြမှာပါ။

လူမှုကွန်ရက်ဟာ သင့်ကို ပေါ်ပြူလာ Selfie ဝေမျှတဲ့ app Snapchat လိုပဲ သင် ဓါတ်ပုံတွေ uploadမလုပ်ခင်မှာ ထို ဓါတ်ပုံတွေကို စတစ်ကာများ ထည့်ခြင်း ၊ ပုံထပ်ရေးဆွဲခြင်း နဲ့ စာသားထည့်ခြင်းတို့လို edit လုပ်ခွင့်တွေ ပေးလိုက်ပါပြီ။

ထို Feature ကို မနှစ်က ထုတ်လုပ်ခဲ့တဲ့ Facebook Slingshot app မှာလည်း ထည့်သွင်းစမ်းသပ်ခဲ့ပြီးပါပြီ။  အခုတော့ Facebook ပိုင်ရှင် Zuckerberg ဟာ ထို လုပ်ဆောင်ချက်ကို iOS app မှာထည့်သွင်းဖို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Facebook နဲ့ Snapchat တို့ဟာ တင်းမာမှု သမိုင်းကြောင်းတွေတော့ရှိခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက Facebook ကုမ္မဏီက Snapchat ကို ဒေါ်လာ ၁ ဘီလီယံ လက်ငင်းငွေချေပြီး ၀ယ်ယူဖို့ကြိုးစားခဲ့ဖူးပေမယ့်လည်း Snapchat ရဲ့ တည်ထောင်သူ နဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Evan Spiegel ကတော့ Facebook ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ Snapchat ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ သတင်းမာတိကာ တွေ ထည့်သွင်းပြီး app ကိုပိုမို ပေါ်ပြူလာ ဖြစ်စေဖို့ ပြောင်းလဲတည်ဆောက်ခဲ့ပါတယ်။

ဒါကြောင့် အခုအချိန်မှာ Facebook ဟာ Snapchat ရဲ့ လုပ်ဆောင်ချက်တွေကို ငှားရမ်းပြီး ကိုယ်ပိုင် app ထဲထည့်သွင်းလိုက်ဖို့ ရိုးရှင်းစွာ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုလုပ်ဆောင်ချက်ဟာ Facebook ရဲ့ iOS ဗားရှင်း app တွေမှာသာ ရရှိနိုင်ဦးမှာ ဖြစ်ပြီး Android ဗားရှင်း app တွေအတွက်တော့ အရမ်းမဝေးတော့တဲ့ အချိန်တစ်ခုမှာ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment