Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ယနေ့ နံနက် အမြန်လမ်းပေါ်မှာ နေကြယ်မင်း Express - ဘုရားဖူး Mini Bus နှင့် Toyoto Wish - ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား


၂၀၁၅-ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်(၀၃း၄၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၅/၀ နှင့် ၁၈၅/၁ ကြား ရန်ကုန်မှ နေပြည်တော်သို့ (အသွားလမ်း)၌ ဦးဝင်းတန်၊ (ဘ)ဦးကျော်စိန်၊ အသက်(၄၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 5G-1555 ဘုရားဖူး Mini Bus (အနီရောင်)ယာဉ်သည် ကား၏ရှေ့ဘယ်ဘက်ဘီးပြုတ်ထွက်သွားသဖြင့် လမ်း၏ညာဘက် Lane တွင် အချက်ပြမီးထွန်း၍ ရပ်တန့်ထားစဉ် ဦးထွန်းလင်းဝင်း၊ (ဘ)ဦးတင်မောင်ဝင်း၊ အသက်(၃၂) နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 3G-4479 Toyota Wish သည် လမ်း၏ဘယ်ဘက် Lane အား နေရာယူပြီး ကျော်တက်မောင်းနှင်နေစဉ် ၎င်းကား၏နောက်မှ ဦးသန်းမြင့်လင်း၊ (ဘ)ဦးမောင်ဖြူရှိ၊ အသက်(၃၂)နှစ် မောင်းနှင်လာသော ခရီးသည်တင် နေကြယ်မင်း Express ယာဉ်သည် လမ်းဘယ်ဘက် Lane အား ထပ်မံအသုံးပြု၍ ကျော်တက်မောင်းနှင်ခဲ့ရာ လမ်း၏ ညာဘက် Lane တွင် ပျက်၍ရပ်ထားသော Mini Bus အား ၀င်တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ Mini Bus မှတဆင့် Toyota Wish အား ထပ်ဆင့်၍ ယာဉ်(၃)စီး တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။


အဆိုပါဖြစ်စဉ်တွင် Mini Bus ယာဉ်ပေါ်တွင် ယာဉ်မောင်း(၁)ဦး၊ ယာဉ်နောက်လိုက်(၂)ဦးနှင့် ခရီးသည်(၁၃)ဦး၊ စုစုပေါင်း(၁၆)ဦး၊ နေကြယ်မင်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်း(၁)ဦး၊ ယာဉ်နောက်လိုက်(၁)ဦး၊ ခရီးသည်(၅၇)ဦး၊ စုစုပေါင်း(၅၉)ဦး၊ Toyoto Wish ယာဉ်ပေါ်တွင် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦး စီးနင်းလိုက်ပါခဲ့ကြပါသည်။


ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ယာဉ်များအား နံနက် (၀၅း၄၀)နာရီအချိန်တွင် ရှင်းလင်းခဲ့ပြီး ယာဉ်များ ပုံမှန်သွားလာလျှက်ရှိပါသည်။ ယာဉ်မောင်းများအနေဖြင့် အမြန်လမ်းပေါ်တွင် ယာဉ်များ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းမှုများရှိလာပါက Hot line 1880၊ အမြန်လမ်းရဲစခန်း၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏စခန်းများမှ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံခြင်း၊ လမ်း၏ Lane (၂)ခုလုံးမှလွတ်သည့် မြေသားလမ်းပေါ်သို့ချခြင်း၊ Lane ပေါ်မှမချနိုင်ပါက အချက်ပြမီးများထွန်းထားခြင်းနှင့် အခြားယာဉ်များမှ အလွယ်တကူမြင်နိုင်မည့် အချက်ပြအတားအဆီးများချထား၍ ဆောင်ရွက်သင့်ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad

No comments:

Post a Comment