Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

အသက်အန္တရာယ် စိုးရိမ်မှုတွေကြောင့် Disney Theme Park ထဲကို selfie stick ယူဆောင်ခွင့် တားမြစ်



Victor.PaaTung

Disney က အသက်အန္တရယ် စိုးရိမ်မှုတွေကြောင့် သူ့ရဲ့Theme park များအတွင်းသို့  selfie stick
 ယူဆောင်ခြင်း တားမြစ်ထားကြောင်း ကုမ္ပဏီမှ အတည်ပြုပြောကြားလိုက်ပါတယ်။

အပျော်စီးရတဲ့ ချား၊ ရဟတ် စတာတွေပေါ် အသေးစား ကိရိယာတွေကို တားမြစ်ခဲ့ပြီးဖြစ်သည့်တိုင် အခုဆို လာရောက်လည်ပတ်သူတွေကို ပန်းခြံအတွင်းကိုတောင် လုံးဝ ယူဆောင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

လက်ကိုင် တုတ်တိုင်တွေဟာ လာရောက်လည်ပတ်တဲ့ ဧည်သည်တွေနဲ့ အသုံးပြုပုံစံခွက် နှစ်ခုလုံးအတွက် အန္တရာယ်ပိုမို များပြားလာနေတယ်လို့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ရှည်လျားတဲ့ selfie stick လက်တံတွေက အသုံးပြုသူတွေကို ပိုမိုကောင်းမွန်တဲ့ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေ ရရှိစေပေမယ့်  ဓာတ်ပုံရိုက်နေချိန်အတွင်း တစ်ဦးတစ်ယောက်ကို မတော်တဆ ထိမိရိုက်မိသွားရင် ဒဏ်ရာအနာတရ ဖြစ်နိုင်တဲ့ စိုးရိမ်ရမှုတွေ ရှိနေပါတယ်။

သူ့ရဲ့ရှည်လျားတဲ့ လက်တံဟာ လူစီးတွဲ၊ ရထားလုံး အပြင်ထိ ထိုးထွက်နိုင်ပြီး ရထားလုံးရဲ့ စက်ကိရိယာ
တစ်ခုခုနဲ့ ထိသွားနိုင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်မှုတွေလည်း ဖြစ်လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် Disney ကစားကွင်းကို အလည်အပတ် ရောက်ရှိသူတွေဟာ ပန်းခြံအဝင်ဝမှာ သူတို့ selfie
တုတ်များကို သော့ခတ်ထားရစ်ခဲ့စေမှာ ဖြစ်ပါတယ်။

Ref: BBC
http://www.trend.com.mm/2015/07/01/news-7029

No comments:

Post a Comment