Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

ကျည်ဆန် ရထားပေါ် ၌ လူတစ်ဦးက ကိုယ့်ကိုယ်ကိုယ်မီးရှို့ အဆုံးစီရင်မှုကြောင့် နှစ်ဦးသေဆုံး ၂ဝ ဦး ဒဏ်ရာရ




တိုကျို ဇွန် ၃ဝ

ဂျပန် နိုင်ငံရှိ ခရီး သည်တင် ကျည်ဆန် ရထား တစ်စင်း ပေါ်တွင် လူတစ်ဦး က ကိုယ့်ကိုယ် ကိုယ် မီးရှို့၍ အဆုံး စီရင် ခဲ့မှု ကြောင့်၎င်း အပါ အဝင် နှစ်ဦး သေဆုံးပြီး ၂ဝ ဦး ဒဏ်ရာ ရရှိကာ ရထား မှာ အရေး ပေါ် ရပ်တန့် ခဲ့ရ သည်ဟု ဇွန် ၃ဝ ရက်တွင် တာဝန် ရှိသူ များကပြောကြားသည်။ အဆိုပါ ဖြစ်ရပ် သည် တိုကျိုမြို့မှ  အိုဆာကာမြို့ သို့  ဦးတည် သွားနေ သည့် ကျည်ဆန် ရထား တစ်စင်း သည် တိုကျိုမြို့မှ  ၄၅ မိုင် အကွာရှိ  အိုဒါဝါရာမြို့ သို့ ရောက်ရှိစဉ်  ဇွန်၃ဝ ရက် ဒေသ စံတော်ချိန် နံနက် ၁၁နာရီ ခွဲခန့်က  ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မိမိ ကိုယ်ကို မီးရှို့ အဆုံး စီရင်ခဲ့ သူမှာ အသက် ၃ဝ ကျော် အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး  မီးလောင် ရာမှ ထွက်ပေါ် လာသည့် မီးခိုးများ ကြောင့် ကျည်ဆန် ရထား ပေါ်တွင် လိုက်ပါ လာသည့် ခရီးသည် တစ်ဦးမှာ မီးခိုးမွှန်ပြီး နှလုံးခုန် ရပ်၍ သေဆုံး သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ရထား အတွင်း ပြည့် နေသည့် မီးခိုးငွေ့ များကြောင့် ခရီးသည် များမှာ ၄င်းတို့ ၏ မျက်နှာများ ကို  လက်ကိုင် ပဝါ ဖြင့်အုပ်၍ ဘေးကင်းရာ သို့ ထွက်ပြေး ခဲ့ရကြောင်း  သိရသည်။

#Pyi Chit Thar

No comments:

Post a Comment