Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

Chris Brown ရဲ့ နေအိမ် ဖောက်ထွင်းခံရမှုမှာ သူ့အသိမိတ်ဆွေတွေ ပါဝင်နေကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေ





ပြီးခဲ့တဲ့ အပတ်က R&B အဆိုတော် Chris Brown ရဲ့ နေအိမ်ကို ဖောက်ထွင်းခံခဲ့ရပြီး ဖောက်ထွင်းဝိဇ္ဇာတွေဟာ အိမ်အတွင်း ၀င်ရောက်မွှေနောက်နေစဉ်မှာ အိမ်ထဲရှိ သူ့အန်တီကိုတောင် ဖမ်းချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ Chris Brown ရဲ့ကိုယ်ပိုင်ဝန်ထမ်းတွေထဲက ဖြစ်မယ်လို့ ယူဆရကြောင်း သိရှိရပါတယ်။

တနင်္လာနေ့က TMZ သတင်းဌာနကို ပြောပြချက်အရ Brown ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတော်တော်များများဟာ အိမ်ထဲကို ၀င်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ Brown ပိုင်ဆိုင်တဲ့ အိမ်ဖြစ်ကြောင်း သိပြီးသားဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အိမ်အတွင်းကို ၀င်ရောက်ဖို့ လူလေးယောက်က ကြိုးပမ်းခဲ့ကြတာဖြစ်မယ်လို့ ရဲတွေ ဘက်က ယုံကြည်နေပါတယ်။

Brown ရဲ့ အန်တီက ရဲတွေကို ဓါးပြတွေဟာ သူ့ကို ဗီဒိုအတွင်း ချုပ်နှောင်မထားခင် အိမ်ထဲကိုဝင်စဉ်က သူတို့ဟာ Brown နဲ့ Hollywood က နိုက်ကလပ်တစ်ခုမှာ သိရှိခဲ့ကြတာဖြစ်တယ်လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

Brown ရဲ့ ရင်းနှီးသူတွေ ပြောပြချက်အရ Brown ကို သူ့ရဲ့ ၀န်ထမ်းအချို့ကို အလုပ်မှ ချက်ချင်း ရပ်ဆိုင်းဖို့ ပြောနေခဲ့တာ ကြာပြီလို့လည်း ဆိုပါတယ်။

နောက်ဆိုရင်တော့ Brown တစ်ယောက် ကလပ်မှတွေ့ခဲ့တဲ့သူတွေကို သူ့အိမ်ကို ခေါ်လာလေ့ရှိတဲ့ သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်ဆင်ချင် ပြင်ဆင်လိမ့်မယ်လို့လည်းဆိုပါတယ်။ ဒီလူတွေက ခုလို အိမ်ဖောက်ထွင်း ဓါးပြတိုက်မှုတွေမှာ ပါဝင်ကောင်းပါဝင်နေနိုင်တဲ့အတွက် ဖြစ်ပါတယ်။

Brown ဟာ ဒီအိမ်ကို မေလကမှ ၀ယ်ယူခဲ့တာဖြစ်ပြီး သူ့စိတ်ကြိုက် ပြင်ဆင်မွမ်းမံထားတာ မကြာသေးပါဘူး။ သူ့ရင်သွေးရဲ့ မိခင်ဖြစ်သူ Nia Guzman နဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေတဲ့ ကာလအတောအတွင်း ၀င်ရောက်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment