Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 29, 2015

အင်္ဂလိပ်စကား နားမလည်သောကြောင့် ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေပါသော အ၀တ်အစားတွေကို အာရှတိုက်ကမိဘတွေ ၀ယ်ပေးမိနေ


အာရှတိုက်က မိဘအများစုဟာ အင်္ကျီပေါ်က စာသားတွေကို သေချာ နားမလည်တာကြောင့် ဖရုဿဝါစာ စကားလုံးတွေပါတဲ့ အ၀တ်အစားတွေကို သူတို့ ကလေးတွေအတွက် ၀ယ်ပေးနေကြတယ်လို့ Mirror သတင်းတစ်ပုဒ်က ဆိုထားပါတယ်။

အသက်ရှစ်နှစ်လောက်သာ ရှိသေးတဲ့ ကလေးတွေကလည်း “$ex for money” ၊ “too drunk to f***” စတဲ့ ရုန့် ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ ပါတဲ့ အင်္ကျီတွေဝတ်ဆင်ထားတာကို တွေ့ မြင်ရပါတယ်။ Shanghaiist ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ ဒီလိုကြမ်းတမ်းတဲ့ စကားလုံးတွေ ပါတဲ့ အ၀တ်အစားတွေဝတ်ဆင်ထားတဲ့ ကလေးငယ်တွေရဲ့ ပုံကို တရုတ်နိုင်ငံက ကုန်တိုက်တစ်ခုမှာ တစ်စုံတစ်ယောက်က ရိုက်ယူခဲ့ပြီး အင်တာနက်ပေါ်တင်ခဲ့ရမှာ တရုတ်နိုင်ငံတွင်း ငြင်းခုံမှုတွေဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။

‘I am a whore’ ဆိုတဲ့ အင်္ကျီတွေ၊ ‘who the f*** is Jesus’ ဆိုတဲ့ ဆွယ်တာတွေလည်း ရှိပါသေးတယ်။ ဒီလိုအင်္ကျီမျိုးထက် စိတ်အနှောင့်အယှက်ဖြစ်ဖို့  ကောင်းတာကတော့ ပန်းရောင်အင်္ကျီလေးဝတ်ထားတဲ့ ကလေးမလေးရဲ့ အင်္ကျီပေါ်က စာသားက ‘jail bait’ ဆိုတာပါပဲ။

အဆိုပါအ၀တ်အစားတွေဟာ သုံးစွဲသူတွေကို ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရမယ်လို့ ပြဌာန်းထားတဲ့ တရုတ်နိုင်ငံ သုံးစွဲသူကာကွယ်ရေး ဥပဒေနဲ့ လုံးဝဆန့် ကျင်သလို ဖြစ်နေပါတယ်။ အင်္ကျီတွေမှာ ဖရုဿဝါစာစကားလုံးတွေနဲ့ ရိုင်းစိုင်းတဲ့စကားတွေပါကြောင်း တွေ့ ရှိရင် ဆိုင်တွေကို ပြန်လည်ပေးအပ်ခွင့်ကို ဥပဒေအရ
ခွင့်ပြုထားကြောင်းလည်း သိရှိရပါတယ်။
Ref: Mirror.co.uk
TrendMyanmar

No comments:

Post a Comment