နေပြည်တော် ၊ ၁၀-၇-၂၀၁၅
ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာ မြို့နယ် ၊ မိကျောင်းအိုင် ကျေးရွာရှိ ရပ်ကွက် ၂၇ ရပ်ကွက်မှ ဒေသခံ ပြည်သူ ၅၉၄ ဦးကို ဇူလိုင် ၈ ရက်နှင့် ယမန်နေ့ တို့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၃၁ ဦးကို မင်္ဂလာဒုံ တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရေး ကူညီ ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေး နေမှုများကို ယမန်နေ့တွင် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တာဝန်ရှိသူများ က သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး ဆေးကုသမှု ခံယူနေသော အသက် ၇ဝ နှစ်နှင့် အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
#PyiChitThar

No comments:
Post a Comment