Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 23, 2015

တရုတ်သစ်ခုတ်သမားများအား ထောင်ဒဏ်ချခြင်း မြန်မာအား တရုတ် အရေးဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းသည် မြန်မာ အနေနှင့် တရုတ်သစ်ခုတ်သမားများအား ထောင်ဒဏ်ချမှု နှင့်ပတ်သက်သော မေးမြန်းချက်ကို ယမန်နေ့၂၂-ရက်နေ့က ပြန်လည်ဖြေကြားရာတွင်၊ တရုတ်ဘက်သည် မြန်မာဘက်၏ သက်ဆိုင်ရာစီရင်ဆုံးဖြတ်မှုကို အာရုံစိုက်ပြီး မြန်မာဘက်အား အရေးဆို ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်ဘက်သည် မြန်မာဘက်အား တရုတ်နိုင်ငံ၏ အာရုံစိုက်မှုကို အလေးထားပြီး အကြောင်းအချက်များကို ပေါင်းရုံးသုံးသပ်ကာ ၄င်းအမှုအခင်းကို သင့်လျော်စွာကိုင်တွယ် ဖြေရှင်း
ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်သံရုံး ပြန်ကြားရေးနှင့် အများပြည်သူ ဆက်ဆံရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ဒေသခံ တရားရုံးတစ်ခုသည် တရားမဝင်
သစ်ခုတ်ခြင်းပြစ်မှုဖြင့် တရုတ်သစ်ခုတ်သမား၁၅၀-အား အနှစ်၂၀-ထောင်ဒဏ်ချပြီး ဥပဒေအရ
အရွယ်မရောက်သေးသူ၂-ယောက်အား ၁၀-နှစ် ထောင်ဒဏ်ချကာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ
၁-ယောက်အား ၃၅-နှစ်ထောင်ဒဏ်ချ ရန် စီရင်ဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့၂၂-ရက်နေ့က ပြောကြားခဲ့ပါသည်။
Source:http://myanmar.china.com/…/myanm…/10344/20150723/424616.html

No comments:

Post a Comment