CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 21, 2015
ဈေးဝယ်ခိုင်းပြီး သားမယားပြုကျင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်၊ အောင်ချမ်းသားကျေးရွာတွင် ကိုးနှစ်အရွယ် ဒုတိယတန်း ကျောင်းသူ တစ်ဦးအား ဈေးဝယ်ခိုင်းကာ နောက်မှ လိုက်၍ သားမယား ပြုကျင့်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကိုးနှစ်အရွယ် ဒုတိယတန်း ကျောင်းသူ မ.......သည် မိခင်ဖြစ်သူနှင့် အတူ ချဉ်ပေါင်စည်းနေစဉ် တစ်ရွာတည်းနေ အိမ်နီးချင်း ........(ခ).......(၂၂)နှစ်က မ.......ကိုးနှစ်အား ရွာမြောက်ပိုင်းသို့ လက်ဖက်သွားဝယ်ရန် ခိုင်းခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
ထို့နောက် ခဏအကြာတွင် ....... (ခ).......(၂၂) နှစ်မှ နောက်မှ လိုက်ပါသွားတာ ရွာမြောက်ဘက်ထိပ်ရှိ တောစပ်ခြုံထဲတွင် မ.......အား ဘောင်းဘီချွတ်ကာ သားမယား ပြုကျင့်နေသည်ကို တစ်ရွာတည်းနေသူ တစ်ဦးမှ မြင်တွေ့ခဲ့ပြီး ရွာသားများအား အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးတစ်ဦးမှ ဟော်ဟစ်သံကြောင့် မိခင်ဖြစ်သူမှ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူ မ.......အား တောစပ်၌ အောက်ပိုင်း ဘောင်းဘီမရှိ ကိုယ်တုံးလုံးဖြင့် တွေ့ရှိခဲ့ရပြီး မိန်းမအင်္ဂါအား ကြည့်ရှုရာ အတွင်းသားများ နီရဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
ယင်းသို့ သမီးဖြစ်သူအား သားမယား ပြုကျင့်ခဲ့သည့် .......(ခ).......အား အရေးယူပေးရန် မိခင်ဖြစ်သူမှ တရားလိုပြုကာ တိုင်းတန်းထားသည့်အတွက် ဇူလိုင်လ (၁၉)ရက်က ကသာမြို့မ ရဲစခန်းမှ (ပ) ၂၀၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက် သိရသည်။
The Messenger Media
http://www.messengerdaily.com
ဈေးဝယ်ခိုင်းပြီး သားမယားပြုကျင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 21, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment