CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
မြန်မာ့အသက်အငယ်ဆုံးအလှမယ် ဖြစ်လာတဲ့ ချစ်ချစ်တုံ
စင်ကာပူနိုင်ငံ၌ပြုလုပ်မည့် International Prince & Princess 2015 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နေသည့် အသက်အငယ်ဆုံးမြန်မာအလှမယ် Miss ချစ်ချစ်တုံကို ပြည်တွင်းမှ ပရိသတ်များက စိတ်ဝင်စားအားပေးနေကြောင်း သတင်းရရှိသည်။
အသက် (၅)နှစ်အရွယ် ကလေးငယ် ချစ်ချစ်တုံကို ယင်း ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲ၏ National Director မလှနုထွန်းက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ချစ်ချစ်တုံသည် ယင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
စင်ကာပူသို့ ရောက်ရှိစဉ် ၎င်းကိုအားပေးနေသော ပရိသတ်များက လေဆိပ်၌ လာရောက် ကြိုဆို ခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ချစ်ချစ်တုံ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၎င်း၏ဓာတ်ပုံများနှင့်တကွ စာရေးသားတင်ထားသည်ကိုတွေ့ရသည်။ (၁၅)ကြိမ်မြောက် International Prince & Princess 2015 ပြိုင်ပွဲကာလသည် နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း မလှနုထွန်းက မီဒီယာအချို့တွင်ဖြေကြားထားသည်။
ပြိုင်ပွဲ၏ Talent ကဏ္ဍတွင် ပုသိမ်ထီးနှင့်အက၊ ဒီဂျေအကများဖြင့် ကပြယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုရက်အတွင်း ပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၂ ရက်က ချစ်ချစ်တုံ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
ချစ်ချစ်တုံ ကိုယ်တိုင် ဝါသနာပါသောကြောင့် အဆိုပါ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး အသက်ငယ်သေးသောကြောင့် သရုပ်ဆောင်အလုပ်ကိုမူ ဆက်လက် လုပ်ကိုင်စေမည်မဟုတ်ကြောင်း ချစ်ချစ်တုံ၏မိခင်ကပြောသည်။
7day daily
မြန်မာ့အသက်အငယ်ဆုံးအလှမယ် ဖြစ်လာတဲ့ ချစ်ချစ်တုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment