Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

ကွန်ဖက်ဒရိတ်အလံ ရုန်းရင်းဆန်ခတ်မှု တစ်ဦးအဖမ်းခံရ



အမေရိကန် တောင်ပိုင်းပြည်နယ်ပေါင်းစု ကွန်ဖက်ဒရိတ်အလံကို ဆန့်ကျင်သူများနှင့် ထောက်ခံသူများ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့က တောင်ကာရိုလိုင်းနား ပြည်နယ်လွှတ်တော် အဆောက်အအုံရှေ့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပါသည်။

ထိုနေ့ နံနက် ၇း၁၅ နာရီခန့်က တောင်ကာရိုလိုင်းနားပြည်နယ်ခန်းမ အဆောက်အအုံရှေ့တွင် ကွန်ဖက်ဒရိတ်အလံ လွှင့်ထူဆန္ဒပြနေသူများ ဖြစ်ပါသည်။တောင်ကာရိုလိုင်းနားပြည်နယ်ခန်းမ အဆောက်အအုံရှေ့တွင် ကွန်ဖက်ဒရိတ်အလံ လွှင့်ထူဆန္ဒပြနေသူများ ဖြစ်ပါသည်။ကွန်ဖက်ဒရိတ်အလံကို ထောက်ခံသူများသည် ၎င်းတို့၏ မော်တော်ယာဉ် တစ်ခါဇင်ခန့်ပေါ်တွင် ကွန်ဖက်ဒရိတ်အလံများ လွှင့်ထူ၍ မောင်းနှင်လာကာ တောင်ကာရိုလိုင်းနားပြည်နယ် လွှတ်တော်အဆောက်အအုံ ရှေ့တွင် ပိတ်ရပ်ပြီး ဆန္ဒပြကြပါသည်။ ထိုစဉ်၊ အလံကို ဆန့်ကျင်ကန့်ကွက်သူ ၃၀ ခန့်ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်။ အသက် ၂၅ နှစ်ရှိ နိကိုလပ်စ် သွမ်ဆင်ဆိုသူက ဥပဒေနှင့်မညီသော လုပ်ရပ်များ ပြုလုပ်မှုဖြင့် ရဲက ဖမ်းဆီးလိုက်၏။

အမေရိကန်ပြည်တွင်းစစ်ကာလက လူမဲ ငွေဝယ်ကျွန်စနစ်ကို ထောက်ခံအားပေးပြီး ပြည်ထောင်စုမှ ခွဲထွက်ရေးကြိုးပမ်းသော တောင်ပိုင်းပြည်နယ် ၁၃ ခု၏ တပ်ပေါင်းစု ကွန်ဖက်ဒရိတ်အလံကို လွှင့်ထူခြင်းကို ဆန့်ကျင်ကန့်ကွက်သူများ ယခုတစ်လော တိုးပွားလာခဲ့ပါသည်။ ဇွန်လ ၁၇ ရက်နေ့က လူမဲဘုရားရှိခိုးကျောင်းတစ်ခုကို လူဖြူကြီးစိုးရေးဝါဒီ တစ်ယောက်က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူမဲ ပြည်နယ်လွှတ်တော်အမတ်နှင့် ဘုန်းတော်ကြီးများအပါအဝင် လူ ၉ ဦး သေဆုံးရသော အမှု ဖြစ်ပွားခဲ့ပြီးနောက် ရုံးဌာန အဆောက်အအုံများတွင် ကွန်ဖက်ဒရိတ်အလံ မလွှင့်ထူရန် တောင်းဆိုလာကြပါသည်။

တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလ်စတန်မြို့ရှိ လူမဲများ ဝတ်ပြုကိုးကွယ်သော ဘုရားကျောင်းတွင် လူမဲ ၉ ယောက်ကို သွေးအေးအေးဖြင့် ပစ်သတ်ခဲ့သော ဒိုင်လန် စတောမ် ရုဖ်သည် ၎င်းကွန်ဖက်ဒရိတ်အလံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် ဖြန့်ဖြူးခဲ့သည်ကို တွေ့ရပါသည်။

ပြည်တွင်းစစ်အတွင်း ကျဆုံးခဲ့သော တောင်ပိုင်းကွန်ဖက်ဒရိတ် တပ်ဖွဲ့ဝင် အမေရိကန်နိုင်ငံသားများကို အမှတ်တရအဖြစ် ကွန်ဖက်ဒရိတ်အလံကို တောင်ကာရိုလိုင်းနားပြည်နယ်ခန်းမ အဆောက်အအုံ အမိုးခုံးထိပ်တွင် ၁၉၆၀  ခုနှစ်မှ စတင်၍ လည်းကောင်း၊ ထို့နောက် ၂၀၀၀ ခုနှစ်တွင် အဆောက်အအုံရှေ့ အလံတိုင်သို့ ပြောင်းရွှေ့ပြီးလည်းကောင်း လွှင့်ထူလာခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ ကွန်ဖက်ဒရိတ်အလံသည် လူမဲနှင့် အသားအရောင်ရှိသူများကို ခွဲခြားဖိနှိပ်သော လူဖြူကြီးစိုးရေးဝါဒီများ၏ အထိမ်းအမှတ် အလံလည်း ဖြစ်နေသည်။

ထို့ကြောင့်၊ ကွန်ဖက်ဒရိတ်အလံကို ဆက်လက် လွှင့်ထူခြင်းမပြုတော့ဘဲ သမိုင်းပြတိုက်သို့ ပို့ဆောင်ရန် အဆိုပြုချက်ကို ပြည်နယ်လွှတ်တော်အမတ်များက နောက်တစ်ပတ်တွင် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်၏။

http://kabarthit.com/index.php?option=com_content&view=article&id=691:confed&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment